Part (8)

1.4K 73 14
                                    

နန်းရတီဆိုသည့် သူမသူငယ်ချင်းအားလိုက်ပို့ပေးနေစဉ် သွန်းပြောလိုက်သည့်စကားအကြောင်းနှင့်မျက်ဝန်းများအကြောင်းကိုတွေးနေမိသည်။

"သက်ထား"

"ဟင်"

"နင်အနည်းငယ်စိတ်ဝင်စားနေတာမလား"

"ဘာကိုလဲ"

"ငါဘာကိုဆိုလိုလဲဆိုတာ နင်သိပါတယ်....သွန်းဆိုတဲ့ကောင်မလေးကိုပေါ့"

"အို...."

သက်ထား ကားမောင်းနေသည့်လက်များတုန်ယင်လာသည်။ မထင်မှတ်ထားသည့်စကားကိုကြားလိုက်ရသည်မို့ မလုံမလဲဖြစ်လာသည်။

"နင်ထင်သလိုမဟုတ်ပါဘူး"

"ငါလည်းအဲ့လိုမျှော်လင့်ထားပါတယ်လေ"

သက်ထားလည်း နန်းအိမ်သို့ရောက်အောင်အရှိန်တင်ကာ မောင်းတော့သည်။ သူမရဲ့စကား‌တစ်ချို့ကြောင့် သက်ထားစိတ်တွေမွန်းကျပ်နေပြီဖြစ်သည်။

နန်းကိုအိမ်လိုက်ပို့ပြီး သက်ထားချက်ချင်းမပြန်သေးပေ။ မိုးချုပ်နေပြီဖြစ်သော်လည်း သူမစိတ်တွေ မွန်းကျပ်နေသည်မို့ လေကောင်းလေသန့်ရှုကာ စိတ်ထွက်ပေါက်ယူရန် စဉ်းစားရင်း ကားအား မြစ်ဘေးသို့မောင်းလာသည်။ ရောက်သည်နှင့်ကားအား ရပ်လိုက်ကာ အတွေးများသည် အတိတ်ဆီသို့...။

"ငါကသဝန်တိုရုံတင်ပါဟာ"

"နေစမ်းပါဟာ...နင်ကငါ့ကိုချုပ်ချယ်ပြီး ခြယ်လှယ်ချင်နေတာလေ"

သက်ထားနွယ်ဆိုသည့်ကောင်မလေးနှင့် သူမအချစ်ဦးဖြစ်သူမိန်းကလေးအထင်လွဲကာ ရန်ဖြစ်နေကြသည်။

"အဲ့လိုမဟုတ်ရပါဘူး ငါကချစ်လွန်းလို့ပါ.."

"မင်းကသိပ်ကိုအတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့မိန်းမပဲ နွယ် မင်းကငါ့ကို အပေါင်းအသင်းလည်းမထားခိုင်း ဘာမှလည်းမလုပ်ခိုင်းပဲ လှောင်ပိတ်ထားတာ အရမ်းမွန်းကျပ်တာ မင်းသိလား"

"ဆုံးရှုံးရမာကြောက်တဲ့စိတ်တစ်ခုတည်းနဲ့ အဲ့လိုလုပ်ခဲ့မိတာပါကွယ် တောင်းပန်ပါတယ်နော် ငါ့ကိုမထားခဲ့ပါနဲ့"

"လုံလောက်ပြီ နွယ် ဒီလောက်ဆို ငါ့အတွက်လုံလောက်သွားပြီ...ငါ့ကိုထပ်ပြီးမနှောင့်ယှက်ပါနဲ့တော့..."

You've reached the end of published parts.

⏰ Last updated: Aug 15, 2024 ⏰

Add this story to your Library to get notified about new parts!

အန်တီရဲ့‌ကျေးကျွန်Where stories live. Discover now