သွန်းတစ်ယောက် ဒေါသထွက်နေသည့် ဒေါ်ဒေါ့်မျက်နှာအား ကြည့်နေရင်း သူမမှာစကားစလိုက်သည်။
"ဒေါ်ဒေါ်....ဟို သွန်းအမှားပါ"
"မင်းမမှားဘူး.."
"ရှင်"
"ထားပါ မင်းလက်က သွေးတွေကျနေတာ တို့ဆေးထည့်ပေးမယ်"
ထိုသို့ဆိုရင်း သွန်းရှေ့မှထွက်သွားသော ဒေါ်ဒေါ့်အား ငေးမောနေမိပြန်သည်။
"လာလေ ဘာလုပ်နေတာလဲ"
"........" သွန်းဆီမှ ပြန်ဖြေသည့်စကားသံထွက်မလာချေ။
"ဒီကောင်မလေးကတော့.." ပြောရင်းနှင့်ပင် သွန်းလက်အား တင်းတင်းဆွဲကာ ဆေးထည့်ရန်ဆွဲခေါ်သွားသည်။
ထိုနေရာတွင် သွန်းတို့အား စူးစူးရဲကြည့်နေသူမှာ ဒေါ်ဒေါ်တူမဖြစ်လေသည်။
"မင်းဘယ်လိုတောင်လုပ်လိုက်လို့ သွေးကအဲ့လောက်တောင်ထွက်နေရတာလဲ"
"အသီးအခွံခွှာလိုက်တာပါ ဒေါ်ဒေါ်"
"ခက်တာပဲ" ဟုတိုးတိုးလေးရေရွတ်လိုက်သည်။
"ရပါတယ်...ဒေါ်ဒေါ်ရယ် သွန်းဘာမှမဖြစ်ပါဘူး"
"တိတ်တိတ်နေ"
သွန်းမှာဘာစကားမျှမပြောနိုင်တော့ပေ။
"အားးး နာတယ် နာတယ်"
အနာကိုဆေးထည့်လိုက်တာကြောင့် မျက်ရည်များစီးကျလာကာ သွန်းတစ်ယောက်အော်နေတော့သည်။"မင်းပြောတော့ ဘာမှမဖြစ်ဘူးဆို"
"ဟင့် နာတယ် နာတယ် ဒေါ်ဒေါ်ရဲ့"
"အဲ့လိုပွင့်ပွင့်လင်းလင်းပြောမှပေါ့ ရှင့်ဒဏ်ရာကလဲ နက်တာကို နာမာပေါ့"
ထိုသို့ဆိုရင်း လက်လေးအားပတ်တီးစည်းပေးနေသည်။
"ရပြီ နောက်ကျရှပ်ပြာရှပ်ပြာမလုပ်နဲ့"
"ဟုတ်..ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်"
"အင်း"
တစ်ဖန်အေးစက်သွားသော ဒေါ်ဒေါ့်မျက်ဝန်းများအား ကြည့်မိတော့ သွန်းအား စိတ်ပူနေသည့်မျက်ဝန်းတစ်စုံဖြင့်ကြည့်နေလေသည်။ သွန်းကပြန်ပြီးကြည့်လိုက်မိသည်မို့ သူမမှာ အကြည့်လွှဲကာ ထသွားတော့သည်။ သွန်းလည်း ဒေါ်ဒေါ့်ကျောပြင်အား ငေးကြည့်နေမိပြန်သည်။
![](https://img.wattpad.com/cover/336952534-288-k844311.jpg)
YOU ARE READING
အန်တီရဲ့ကျေးကျွန်
Romanceသမီးက ဒေါ်ဒေါ့်ရဲ့ကျေးကျွန်မို့ သတ်ရင်လဲသေရမဲ့လူပါ..အရာအားလုံးဟာ ဒေါ်ဒေါ်ဆန္ဒအတိုင်းပါပဲ..