Part (2)

1.1K 102 1
                                    

ဒေါ်သက်ထားနွယ်တစ်ယောက် တစ်ခုသောညနေခင်း company မှအပြန် အသိအိမ်သို့သွားရာ လမ်းတွင် လမ်းမီးတိုင်အောက်မှာထိုင်ကာ ငိုနေသော ကောင်မလေးအား အဝေးတစ်နေရာမှကားကိုရပ်ကာ သေချာကြည့်နေလေသည်။

"ဦးလေး မောင်းရတော့မလား"
အချိန်‌အတော်ကြာရပ်ပြီးစိုက်ကြည့်နေတာကြောင့် ကားဒါရိုက်ဘာမေးလိုက်သည်။

"ခနလေး ကျွန်မဆက်ကြည့်ချင်သေးတယ်.."

ထိုစကားကို ပြောပြီး သူမခေါင်းထဲမှတစ်စုံတစ်ရာကို‌စဉ်းစားနေခဲ့သည်။ ထိုကောင်မလေးဘာကြောင့် ရှိုက်ကြီးတငင်ငိုနေသလဲဆိုသည်ကိုလဲသူမသိချင်သေးသည်။သက်ထားဆက်ကြည့်နေစဉ်ပင် ထိုကောင်မလေး ထလိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် မထနိုင်ပဲ ပြန်လှဲကျသွားသည်။ သက်ထားလည်း ဘာဖြစ်နေသည်ကိုသိချင်သည်ကြောင့် ကားဒါရိုက်ဘာအား ထိုကောင်မလေးရှေ့ကားရပ်ရန် ပြောလိုက်သည်။

"ဦးလေး ဟိုကောင်မလေးရှေ့ကို မောင်းလိုက်ပါ.."
သူမအသံမှာ တည်ငြိမ်ပြီးအေးချမ်းလှသည်။

"ကောင်းပါပြီ"

ကားဒါရိုက်ဘာလည်း သူမဆိုသည့်အတိုင်းမောင်းလိုက်ပြီး ထိုကောင်မလေးအား အကြောင်းစုံမေးကြည့်သည်။

ကောင်မလေးရဲ့ပုံစံကြောင့်သက်ထားအနည်းငယ်သနားမိပေမဲ့ ဥပေက္ခာပြုလိုက်ကာ သူမအိမ်မာ အလုပ်လုပ်ဖို့အလုပ်သမားတစ်ဦးအနေဖြင့်သာခေါ်လာမိလိုက်သည်။

သူမသည် အရင်ကနူးညံသိမ်မွေ့ပြီး သဘောကောင်းခဲ့သလောက် ယခုနှင့်အနည်းငယ်မျှမတူပါ။ ယခုသူမ၏ပုံစံမှာ လှသလောက် ဆူးများစွာရှိမည့်ပုံစံပင်ဖြစ်လေသည်။

"ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ..." ခေါင်းကိုကိုင်ရင်း ညည်းနေသောသွန်း။

"ညက အိပ်တာများသွားလို့နေမယ်.."ဟု ရေရွတ်ရင်း မျက်နှာသစ်ရန်ဦးတည်လိုက်လေသည်။

အတန်ကြာ မျက်နှာသစ်ပြီးသော် တစ်လှမ်းချင်းလျှောက်ကာ အောက်ထပ်ရှိဒေါ်မြကို‌ရှာနေမိသည်။ သွန်းတစ်ယောက် ဒေါ်မြအားရှာနေသော်လည်း မတွေ့တာမို့ မီးဖိုချောင်ကြမ်းပြင်၌ထိုင်ချမိလိုက်သည်။

အန်တီရဲ့‌ကျေးကျွန်Where stories live. Discover now