"Candy ဒီအိမ်လား"
"အင်း"
အိမ်လေးက တအားကြီးမကျယ်ပေမယ့် နှစ်ယောက်နေရင်တော့ ကျယ်တာပေါ့ ခြံဝန်းလေးနဲ့ သေချာသပ်သပ်ရပ်ရပ်လေး အင်း..နေချင်စရာကောင်းတယ်။
"လာလေ မောင် အိမ်ထဲ ဝင်ရအောင်"
"အင်း"
နှစ်ယောက်သားအိမ်ထဲ ဝင်လာတော့ ရူပအမေ နှင်းနှင်းဟာ ချည်ထိုးနေခဲ့တယ်။
"အမေ"
"ဟင် သားလား"
"ဟုတ် အမေ သားပါ"
"သားရယ် ခရီးသွားမယ်ဆိုလဲ အမေ့ကို ကိုယ်တိုင်ပြောပေါ့ အခုတော့ အဆက်အသွယ်မရ ဘာမရနဲ့ လူတစ်ချို့ပြောမှ သိရတယ် အမေက စိတ်ပူနေတာ"
"အမေ သားဘာမှမဖြစ်ပါဘူး"
"အင်းပါ ဒါနဲ့သူက.."
"အာ အမေ သူက..သားရဲ့ ဟို ချစ်သူပါ"
မင်းမြတ် သားအမိနှစ်ယောက်စကားပြောနေတာကြောင့် ထိုင်နေပြီး ဟိုကြည့်ဒီကြည့်ကြည့်နေလိုက်တယ်။နောက်တော့ Candyအမေက ဘယ်သူလဲ မေးလာတာကြောင့် Candyဖြေမှာကိုစောင့်နေလိုက်တယ်။မထင်ထားဘူး ချစ်သူလို့ဖြေမယ်လို့ ဘာပဲဖြစ်ဖြစ် ပျော်တယ်။
"မဂ်လာပါ အမေ"
"ဟင် ချစ်သူ ဟုတ်လား"
"ဟူတ်ပါတယ် အမေ"
"သားရယ် အမေ့ကိုတောင်မပြောဘူး ဘယ်လောက်ကြာပြီလဲ ပြောပါအုံး ခရီးသွားတာရော ဟုတ်ရဲ့လား"
"ဟိုလေ အမေ.."
"မပြောနဲ့တော့ သိပါပြီ သားအိမ်ပေါ်ခဏသွားနေ အမေစကားပြောကြည့်ချင်သေးတယ်"
"ဟုတ် အမေ"
ရူပအပေါ်တက်သွားမှ နှင်းနှင်းက
"ဒီက လူလေးက ဘာလုပ်တာလဲကွဲ့"
"အမေသိမှာပါ Zစက်ရုံရဲ့ CEOပါ"
"အမ် ရေမွှေးထုတ်တဲ့ စက်ရုံလား"
"ဟုတ်ပါတယ် ကျွန်တော်ကိုယ်တိုင်ထောင်ထားတဲ့စက်ရုံပါ"
"ဒီလောက် ချမ်းသာတဲ့ လူလေးက အန်တီ့သားကို တစ်ကယ်ရော ချစ်ရဲ့လား"
ВЫ ЧИТАЕТЕ
အချစ်ရဆုံးသူ S2(Completed)
ФанфикCandyလေးရယ် ဆိုးလိုက်တာကွာ။မောင်ကချစ်လို့ကို မင်းလေးက တအားဆိုးလွန်းတော့ ချုပ်ချယ်ရတာပေါ့။အဲ့လိုဆိုးတာကိုလဲ မောင်က ချစ်နေရတာပေါ့။ 7.3.2023