Part 22

2.1K 93 4
                                    

မင်းမြတ် အခု ထွက်လာတာကတော့ Daddyဆီပင်ဖြစ်တယ်။သူ့အသည်းအသက်လေးကို ထိခိုက်မိရုံတင်မဟုတ်ဘူး နှလုံးခုန်သံ ရပ်အောင််ထိလုပ်တဲ့ သူကို သူကိုယ်တိုင်အပြစ်ပေးရမယ် ဟက် ငရဲထက်ဆိုးတဲ့အပြစ်ပေးရမှာ။

မင်းမြတ် Daddyအိမ်ရောက်တော့ Daddyက ခြေချိတ်ထိုင်ပြီး စာအုပိတစ်အုပ်ဖတ်နေတယ်။ပါးပါးကတော့  TVကြည့်နေတယ်။ကျန်တဲ့သူတွေကိုတော့ မတွေ့ပေ။

"Daddy"

"အော် Blackလာလေ"

"Daddy ဟို ခွေး.."

မင်းမြတ်ပြောတုန်းရှိသေး ပါးပါးက လှည့်ကြည့်လာတာကြောင့် အရှိန်ထိန်းလိုက်ရတယ်။

လွင်ပြင်ကသိသည့်အလား

"အောက်ထပ်မှာပဲ"

အောက်ထပ်ဆိုတဲ့အဓိပ္ပာယ်က မြေအောက်ခန်းထဲမှာကိုပြောတာဖြစ်တယ်။

"အော် ကျွန်တော်ခဏသွားအုံးမယ် Daddy "

မင်းမြတ်က တိမ်တိုက်ကိုမျက်စပစ်ပြကာ မသိစေနဲ့လို့ပြောလိုက်တယ်။

"အင်း အေးဆေးလုပ်"

"ဒီသားဖတွေ ဘာတွေပြောနေကြတာလဲ"

"ဘာမှမဟုတ်ပါဘူးဗျာ အလုပ်ကိစ္စ ပြောနေတာပါ"

"ဒီအလုပ်ပဲ ဒါနဲ့ မင်းမြတ် ရူပလေးရော သက်သာရဲ့လား"

"ဟုတ်ကဲ့ သက်သာတယ်ပါးပါး"

"အင်း ဒါဆို လုပ်စရာရှိတာ လုပ်တော့လေ"

"ဟုတ်ကဲ့"

မင်းမြတ် မြေအောက်ခန်းထဲ သွားတော့ သွေးညှိအနံ့တထောင်းထောင်းက နှာခေါင်းထဲ ဝင်လာခဲ့တယ်။မြေအောက်ခန်းထဲရောက်တော့  မြင်လိုက်တဲ့ ထိုလူပုံစံကြောင့် နှုတ်ခမ်းတစ်ဖက် မဲ့လိုက်တယ်။ခြေတွေလက်တွေပြတ်၊ဆံပင်လဲ မရှိ နှာခေါင်းလဲကျိုး မျက်လုံး တစ်လုံးကလဲမရှိ လက်ကလဲ ပုခုံးထိ ပြတ်ထားတယ်။ထွီး ရွံစရာကောင်းလိုက်တာ။မင်းမြတ် လက်အိတ်စွပ်လိုက်ပြီး

"ဟက် အသက်ပြင်းသားပဲ"

"မ..မင်း"

"အိုး စကားပြောနိုင်သေးတာလား"

ချက်ချင်းပင် ဓားထုတ်ကာ လျှာကို ဖြတ်ချပစ်လိုက်တယ်။

"ဟက် ရပြီ"

အချစ်ရဆုံးသူ S2(Completed)Where stories live. Discover now