"အခြေအနေဘယ်လိုရှိလဲ"
"အဆင်ပြေပါတယ် boss"
"အင်း အလုပ်ကို သေချာလုပ်ကြ ဒါနဲ့ ဒီနားမှာ သောက်ကောင်းတဲ့ကော်ဖိဆိုင်မရှိဘူးလား"
"ရှိတယ် boss Gold ဆိုတဲ့ ကော်ဖီဆိုင်က ကောင်းတယ်"
"အင်း အဲ့ကို မောင်း"
"ဟုတ်ကဲ့"
အခုပြောနေတဲ့သူကတော့ JP လုပ်ငန်းစုရဲ့ CEO စေလွန်းနိုင်ပင်ဖြစ်တယ်။Gold ကော်ဖီဆိုင်ရောက်တော့ စေလွန်းနိုင်က ဆိုင်ထဲဝင်လာခဲ့တယ်။
"ကြွပါ ဘာများသုံးဆောင်မလဲ"
စေလွန်းနိုင် ဆိုင်ထဲရောက်တော့ သူ့ကို လာမေးတဲ့ အကောင်သေးသေးလေးကြောင့် ပြုံးမိတယ်။
"ဆိုင်မှာ ဘာရလဲ"
"အာ ကိတ်မုန့် ကော်ဖီ ပူတင်း ကျန်တာတွေလဲ ရပါတယ်"
"ဒါဆို ကိတ်မုန့်နဲ့ ကော်ဖီပဲချပေး"
"ဟုတ်ကဲ့ ခဏစောင့်ပါ"
စေလွန်းနိုင်လဲ ခဏစောင့်နေလိုက်တယ်။သိပ်မကြာခင် ကော်ဖီမွှေးမွှေးလေးက သူ့နှာခေါင်းနားရောက်လာတယ်။သူမှာထားတဲ့ကော်ဖီအနံ့လို့ ထင်လိုက်ပေမယ့် မဟုတ််ဘူး အသေးလေးဆီက ရတဲ့အနံ့ ကော်ဖီကို နမ်းကြည့်တော့ မွှေးမွှေးလေးရှိပေမယ့် သူ့ဘေးက အသေးလေး အနံ့လောက် မမွှေးဘူး။
ၔကရီသူ့ရှေ့မှာ အနံ့ခံနေတဲ့ ၔည့်သည်ကြောင့်
"ဘာဖြစ်လို့များလဲ အနံ့မကောင်းလို့လား"
"ဟင် မဟုတ်ဘူး ရပြီ"
"အော် ဟုတ်ကဲ့"
စေလွန်းနိုင် အသေးလေးဆီက ရတဲ့အနံ့လေးကို သဘောကျလိုက်တာ။ဘယ်လိုအနံ့လေးမှန်းမသိဘူး ကော်ဖီနံ့ကိုမှ သင်းသင်းလေးနဲ့မွှေးမွှေးလေး။
အင်း ကိုယ့်အပိုင်လေး ဖြစ်ရင် ကောင်းမှာပဲ။
စားသောက်ပြီးသွားတော့
"ဒီမှာ ပိုက်ဆံထားခဲ့တယ်နော် မင်းနဲ့ နောက်မှထပ်တွေ့ကြတာပေါ့"
ၔကရီကြောင်သွားတယ်။
ငါကသူနဲ့ဘာလို့ထပ်တွေ့ရမှာလဲ။ဒီဆိုင်ကိုထပ်လာအုံးမှာမို့လို့လား။အာ သူဘာသာလာချင်လာမလာချင်နေ။
BẠN ĐANG ĐỌC
အချစ်ရဆုံးသူ S2(Completed)
FanfictionCandyလေးရယ် ဆိုးလိုက်တာကွာ။မောင်ကချစ်လို့ကို မင်းလေးက တအားဆိုးလွန်းတော့ ချုပ်ချယ်ရတာပေါ့။အဲ့လိုဆိုးတာကိုလဲ မောင်က ချစ်နေရတာပေါ့။ 7.3.2023