Part 10

3.9K 149 2
                                    

"ကဲ ဒါဆို မောင်သွားတော့မယ်နော် မောင်ပြန်လာမှ မောင့်အိမ်သွားကြတာပေါ့ သွားမယ်သွားမယ်နဲ့လဲ မသွားဖြစ်ဘူး မောင်ပြန်လာရင်တော့ သွားကြတာပေါ့"

"မောင့် မြန်မြန်ပြန်လာခဲ့နော်"

"ဟုတ်ကဲ့ပါဗျာ ချစ်တယ်နော် Candy"

"အင်း"

"မောင့်ကို အနမ်းလေးမပေးချင်ဘူးလား"

" ပေးချင်တယ်"

"ဒါဆို မောင့်ကိုနမ်းပါအုံး"

ရူပလဲ မမှီမကမ်းနဲ့ မင်းမြတ်ပုခုံးပေါ် လက်တင်ကာ ခြေဖျားထောက်ပြီး နမ်းလိုက်တယ်။ မင်းမြတ်က ခြေဖျားထောက်ပြီး နမ်းနေတဲ့ ရူပကြောင့် ခါးကိုင်းပေးလိုက်တယ် နောက်ပြီးရူပခါးသွယ်သွယ်လေးကိုကိုင်ကာ နမ်းနေတယ်။ခဏအကြာမှ

"ဒီထပ်ကြာရင် မောင်သွားရမှာက ခရီးမဟုတ်ပဲ တခြားနေရာဖြစ်တော့မယ်"

"ဟင်"

"ဟား ဘာမှမဟုတ်ပါဘူး။သွားတော့မယ်"

မင်းမြတ်တို့နှစ်ယောက် အောက်ဆင်းလာပြီးမင်းမြတ်က ကားပေါ်တက်ကာ

"Candy မောင်စိတ်ချမယ်နော် ထွက်ပြေးတဲ့အသံကြားရင် မောင့်အကြောင်းသိတယ်နော်။ဒါနဲ့ Candy မောင်တို့အိပ်တဲ့ဘေးက စားပွဲပေါ်မှာ ဖုန်းရှိတယ် မောင်ဆက်မယ်နော်"

"ဟုတ် မောင်"

မင်းမြတ် Candyထွက်ပြေးမှာကြောက်နေမိတယ်။Candyစိတ်ကိုသိချင်လို့သာ ခရီးသွားဖို့ စီစဥ်လိုက်တာ Candy သာ သူမရှိတုန်း ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။

"ကားထွက်တော့။သွားပြီနော် Candy"

"ဟုတ်"

မင်းမြတ် ကားထွက်သွားတော့ ရူပ ငိုချင်လာတယ်။သူထွက်ပြေးဖို့အစီအစဥ်မရှိတော့ဘူး။ငါ မောင့်ကိုချစ်မိနေပြီထင်တယ် မဟုတ်ဘူး ချစ်တယ် ငါ မောင့်ကိုချစ်တယ် မောင်ပြန်လာရင် ငါသေချာပေါက်ပြောမယ်။

အင်း ပြောနိုင်ရင် ကောင်းပါရဲ့။မင်းမြတ်ရဲ့အစီအစဥ်အတိုင်းဖြစ်ပါ့မလား ပြောင်းလဲအုံးမှာလား ဆိုတာတော့ ကံကြမာကို ကြည့်ရတော့မှာပေါ့။

အချစ်ရဆုံးသူ S2(Completed)Où les histoires vivent. Découvrez maintenant