Part 21

2.6K 98 5
                                    

လွင်ပြင်တို့အကုန်လုံး မင်းမြတ် ဖုန်းဆက်ပြောတာကြောင့် ဆေးရုံလာခဲ့တယ်။

ဆေးရုံရောက်တော့ ရူပက ကုတင်ပေါ်မှာထိုင်နေတယ်။မင်းမြတ်က ဘေးနားမှာပန်းသီးလေးတွေကို အခွံခွာကာ စိတ်ပေးနေတယ်။

"Black"

"Daddy လာပြီလား"

မင်းမြတ်ကိုကြည့်ရတာ မျက်နှာတော့ သိပ်မကောင်းပေ။

"ရူပ Daddyတို့ကိုရောမှတ်မိလား"

ရူပက ခေါင်းခါပြတယ်။

"ၔကရီ မင်းက ဘယ်လို.."

ရူပ လူတွေကိုကြည့်နေရင်း ၔကရီကိုတွေ့လိုက်ရတာကြောင့်

"မင်း ငါ့ကို မှတ်မိတယ်"

"မမှတ်မိပဲ နေမလား ငါ့သူငယ်ချင်းပဲကို ကော်ဖီဆိုင်ရော အဆင်ပြေရဲ့လား"

"ပိတ်ထားတယ်"

"ဒါနဲ့ မင်းက သူတို့နဲ့သိတာလား"

"အော် အဲ့ဒါ မင်းယောက်ခမနဲ့ မင်းယောက်ျားလေ"

"အမ် မင်းကလဲ မဖြစ်နိုင်တာ"

"အော် ငါက မင်းကိုလိမ်ဖူးလို့လား မယုံလဲ မင်းဗိုက်ထဲမှာ မင်းမြတ်နဲ့ရတဲ့ ကလေးလေးရှိတယ် ပြီးတော့ မင်းတို့မဂ်လာဆောင်ပုံတွေလဲရှိတယ်"

ရူပလန့်သွားတယ် ဗိုက်ထဲမှာ ကလေးလေးရှိတာလား။ဒါမဲ့ ငါက ယောက်ျားလေးလေ။

"မင်းက ဘယ်လိုသိတာ"

"ဟ မဂ်လာဆောင်တာ ငါတို့ တူတူဆောင်တာလေ ဒါက ငါ့ယောက်ျား စေလွန်းနိုင် မင်းမြတ်ရဲ့ သူငယ်ချင်း"

ကျန်တဲ့လူတွေကတော့ ဘာမှဝင်မပြောပေ။မင်းမြတ်ကတော့ ဒေါသထွက်နေပြီ။သူ့ကိိုကျမေ့ပြီး ၔကရီကိုပဲမှတ်မိတာမို့လို့။

"ကဲပါ မင်း စဥ်းစားမနေနဲ့ မင်းအမေကလဲ တရားစခန်းဝင်သွားပြီ အခုဆေးရုံကဆင်းရင် မင်းမြတ်အိမ်လိုက်သွား"

"ဒါဆို တစ်ကယ်သူက ငါ့နဲ့လက်ထပ်ထားတာပေါ့"

"ဟုတ်တယ် မင်း အရမ်းချစ်တာလေ"

ရူပ ဘာမှစဥ်းစားလို့မရပေ။စဥ်းစားတိုင်း ခေါင်းကိုက်လာတယ်။

အချစ်ရဆုံးသူ S2(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ