ဒီနေ့နဲ့ဆို မောင်သွားတာ ၄ရက်ရှိပြီ ဟို တစ်ခါဖုန်းဆက်ပြီးထဲက မဆက်တော့ဘူး။သူ့ဘက်က ဆက်ရင်လဲ အလုပ်ရှုပ်နေတာနဲ့တိုးမှာစိုးလို့ မဆက်ပဲနေနေတာ။
"လွမ်းလိုက်တာ မောင်ရာ"
တစ်ဖက်က မင်းမြတ်ကတော့
"တောက် ခွေးကောင်တွေ"
"W အဲ့ကောင်တွေက တစ်ယောက်မှ အရှင်မချန်နဲ့ အကုန်သတ်ပြစ်"
Candyကိုဖုန်းဆက်ပြီး နောက်တစ်နေ့မှ ခွေးဂိုဏ်းက ဟာတွေက တိုက်ခိုက်တာကြောင့် အကုန်အလုပ်ရှုပ်နေကြတယ်။ဆက်တိုက်ကို ပစ်ခတ်မှုတွေဖြစ်နေတာ
"Black သတိထားအုံးနော်"
"အင်း မင်းရောပဲ ငါ့ညီကို တစ်ခုလပ်မဖြစ်စေချင်ဘူး"
"ဟား အေးပါကွာ"
အခြေအနေတွေပိုဆိုးလာတာကြောင့်
"W မင်းသွားနှင့်တော့"
ဒိုင်း
"အာ့.."
"မဟာ အဆင်ပြေရဲ့လား"
"အင်း...ရတယ်"
"ခွေးကောင်တွေ"
Blackဒေါသထွက်စွာနဲ့ အကုန်လုံးကို ပစ်သတ်နေတယ်။သိပ်မကြာခင်မှာ အပစ်အခတ်တွေရပ်သွားခဲ့တယ်။အကြောင်းကတော့ တစ်ဖက်ဂိုဏ်းရဲ့ခေါင်းဆောင်ကို Black က နားထင်ကို သေနတ်နဲ့ချိန်ထားတာကြောင့်ဖြစ်တယ်။
"ဟက် အချက်အလက်တွေရတာတောင် စွမ်းဆောင်ရည်က ဟိုးအောက်ဆုံးမှာပဲ နောက်ဘဝထိ ဆက်ကြိုးစားလိုက်အုံး"
ပြောပြီး ပစ်သတ်လိုက်တော့တယိ။ဂိုဏ်းခေါင်းဆောင်သေတာနဲ့ ဂိုဏ်းသားတွေလဲ လက်နက်တွေအကုန်ချလိုက်တယ် ဆက်တိုက်လဲ ဘာမှမှမထူးတော့တာ။အဲ့လိုပစ်ခတ်လို့ ရှုံးတဲ့ဂိုဏ်းရဲ့ ဂိုဏ်းသားတွေကို နိုင်တဲ့ဂိုဏ်းက မေးလေ့ရှိတယ်။
မင်းတို့ဂိုဏ်းခေါင်းဆောင်သေပြီ ငါ့ဂိုဏ်းကိုဝင်မလား အသေခံမလား အဲ့စကားက သူတို့ အမှောင်သားတွေကျင်လည်ရာလောကက လူတွေမေးလေ့ရှိတယ်။တချို့က ဂိုဏ်းထဲဝင်ပြီး တစ်ချို့က အသေခံကြတယ်။အခုလဲ Balckက မေးတယ်။

CZYTASZ
အချစ်ရဆုံးသူ S2(Completed)
FanfictionCandyလေးရယ် ဆိုးလိုက်တာကွာ။မောင်ကချစ်လို့ကို မင်းလေးက တအားဆိုးလွန်းတော့ ချုပ်ချယ်ရတာပေါ့။အဲ့လိုဆိုးတာကိုလဲ မောင်က ချစ်နေရတာပေါ့။ 7.3.2023