Part 19

3.2K 126 3
                                    

"မောင် ငါ အပြင်သွားချင်တယ်"

"ဘယ်ကိုလဲ Candyရဲ့ ကိုယ်ဝန်နဲ့လေ မသွားပါနဲ့လားကွာ"

"ငါ အပြင်ထွက်ချင်လို့ပါ"

"ဟုတ်ပါပြီ မောင် လိုက်ပို့ပါ့မယ်"

"ဆရာ သူတို့ အပြင်သွားကြပါတယ်"

"ဟက် ဒီတစ်ခါတော့ ရအောင် သတ်ပြမယ်"

"ကဲ ကစားကွင်းရောက်ပါပြီဗျာ"

"ဟီး မောင် ငါ ရေခဲမုန့်စားချင်တယ် ဝယ်ပေး"

"ဟုတ်ပြီ ဒီမှာ ခဏလေးစောင့်နေနော်"

မင်းမြတ်သွားဝယ်ပြီး ပြန်လာတော့ ရူပကိုမတွေ့ဘဲ ဖုန်းလေးသာ မြေပြင်ပေါ်ကျနေတာ တွေ့တော့ မင်းမြတ် လန့်သွားတယ်။

"တောက်ခ် ဘယ်သတောင်းစားလဲ ငါ့ Candyကိုခေါ်သွားတာ"

"Daddy Candy ပျောက်သွားလို့ လုပ်ပါအုံး ရှာပေးပါအုံး"

မင်းမြတ် လွင်ပြင့်ကိုဖုန်းဆက်ပြီး CCTVရုံးခန်းထဲကို သွားလိုက်တယ်။သူ့မျက်နှာက ခက်ထန်နေတာမို့လို့ CCTVအခန်းထဲကလူတွေ ကြောက်နေကြတယ်။

" ကစားကွင်းက CCTVတွေအကုန်ပြစမ်း"

"ဟုတ်ကဲ့ပါ"

မင်းမြတ် ကြည့်နေရင်း Candyက ဖုန်းသုံးနေတုန်း အနောက်ကလူတစ်ယောက်က ခေါင်းကိုရိုက်ချလိုက်တာကြောင့် ဖုန်းပြုတ်ကျပြီး Candyကိုလူတွေက ခေါ်သွားတယ်။မင်းမြတ်ဒေါသကြောင့် မျက်လုံးတွေကအစ လူသတ်ချင်စိတ်ပေါက်လာတယ်။

"ဟက် မထိသင့်တဲ့လူကိုလာထိတာကိုး ငရဲကဘာလဲဆိုတာ ပြရသေးတာပေါ့"

"Daddy ဘယ်လိုလဲ"

"အင်း သူတို့က***နေရာရဲ့ ဂိုထောင်ပျက်ကြီးမှာ Daddyရဲ့အရှုပ်ပြဿနာမို့လို့ Daddyပါလာခဲ့မယ်"

"ဟုတ်ကဲ့ Daddy"

မင်းမြတ် ရူပပျောက်တာကြောင့် ဖုန်းဆက်လိုက်တော့ အကုန်လုံးက စိတ်ပူနေကြတယ်။

"လေးငယ် ကျွန်တော်ပါလိုက်ခဲ့မယ်"

"လေးငယ် ကျွန်တော်ရောပဲ"

မဟာနဲ့ စေလွန်းနိုင်နဲ့က လွင့်ပြင်နောက်လိုက်ဖို့ပြင်နေကြတယ်။

အချစ်ရဆုံးသူ S2(Completed)Donde viven las historias. Descúbrelo ahora