အပိုင်း 7

2.8K 117 3
                                    

ဆရာပြန်သွားတော့မှ ရူပက အိပ်ပျော်နေတဲ့ မင်းမြတ်နားသွားပြီး

"မောင် သက်သာရဲ့လား"

"အချစ် မောင် ချမ်းတယ်"

"ချမ်းလို့လား ငါ စောင်ယူပေးမယ်နော်"

"ဟင့််အင်း Candyမောင့်ကို ဖက်ထားပေးပါ့လား မောင် ချမ်းလို့"

ရူပမှာ မျက်လုံးပြူးနေတယ်။မောင်ကနေ့ချင်းညချင်း ဘာလို့ပြောင်းလဲသွားတာ အရင်က ကြမ်းတမ်းတဲ့ပုံစံကဘယ်ရောက်သွားတာ ဒါမှမဟုတ် ဖျားနေလို့များလား။

"ဟင် အော် အင်း ဖက်ထားပေးမယ် ဒါမဲ့မအိပ်သေးနဲ့အုံးနော် မောင်ဆေးသောက်ရအုံးမယ်"

"အင်းပါ Candyရဲ့ လာမောင့်ရင်ခွင်ထဲ"

ရူပလဲ မောင်ကဖျားနေတာကြောင့် ကလေးလိုလုပ်နေတာမို့လို့ သူကပဲ မောင့်ရင်ခွင်ထဲသွားလိုက်တယ် နွေးနေတာပဲ။

"Candy"

"အင်း"

"မောင့်ကိုချစ်လား"

"မချစ်ဘူး"

မင်းမြတ်ပြုံးနေပေမယ့် ရင်ထဲမှာ့တော့ ဓားနဲ့ထိုးနေသလိုတဆစ်ဆစ်နဲ့နာကျင်နေတယ်။ရပါတယ် မောင်က မင်းမောင့်ကို ချစ်လာအောင်ကိုလုပ်မှာ။

"မောင်"

"ခဏအိပ်လိုက်လေ"

"ငါ ဆေးတိုက်ရအုံးမယ်"

"ရပါတယ်  ဆေးသောက်ရမယ့်အချိန်ဆိုရင် မောင် Candyကိုနှိုးမယ်နော် အိပ်လိုက်"

"အင်း"

ရူပလဲ အိပ်ရေးမဝသေးတာကြောင့် နွေးထွေးတဲ့မောင့်ရင်ခွင်ထဲတိုးကာ မောင့်ခါးကိုဖက်ပြီးအိပ်လိုက်တယ်။သိပ်မကြာခင် အိပ်ပျော်သွားတော့တယ်။

"Candyမောင့်ကိုမချစ်ပေမယ့် နဲနဲသံယောဇဥ်တော့ရှိပါတယ် Candyမျက်လုံးထဲမှာ မောင့်အတွက် သံယောဇဥ်တွေတွေ့ရတယ်။သိလားCandy ချစ်တာက မုန်းလို့ရပေမယ့် သံယောဇဥ်ကတော့ တွယ်တာပြီးသွားရင် ဖျက်လို့မရတော့ဘူးတဲ့"

"သိပ်မကြာခင် မောင့်ကိုCandyချစ်လာမှာပါ"

မင်းမြတ်လဲ သူ့ကိုဖက်ပြီးအိပ်နေတဲ့ Candy ကြောင့် ပြုံးကာ ကြည့်နေတော့တယ်။သူ့အနာကိုကြည့်လိုက်တော့ အပေါ်ယံပဲဖြစ်တာကြောင့် နောက်တစ်ရက်ဆိုရင်ကိုသက်သာနေပြီ အဲ့ဒါကြောင့် လက်ကို ဗိုက်ပေါ်ဖိကာ လက်သည်းနဲ့ ထိုးဖောက်လိုက်တော့ ပျောက်ခါနီးဒဏ်ရာက သွေးထွက်လာတယ်။မင်းမြတ်ပြုံးလိုက်ပြီး လက်ကသွေးကို ရူပလက်ကိုသုတ်လိုက်ပြီး ရူပလက်ကိုသူ့ဗိုက်ပေါ်တင်ထားလိုက်တယ်။သူ့လက်က သွေးတွေကိုတော့ အဝတ်နဲ့သုတ်ပြီး အမှိုက်ပုံထဲထည့်လိုက်တယ်။

အချစ်ရဆုံးသူ S2(Completed)Where stories live. Discover now