Love piano🌸Ep.5

902 53 1
                                    

Unicode
(ခန်းမဆောင်ကြီးထဲတွင် အပျိုတော်လေးများ တန်းစီလို့နေသည် အယောက်ရေ 100လောက်ရှိသည် )
(အယောက်600အနက် အယောက်100သာကျန်နေခဲ့သည် ကျန် 500အပျိုတော်များဟာ ဝလွန်းခြင်း ပိန်လွန်းခြင်းမျက်နှာတွင်မှဲ့ကြီးပါခြင်း နှာခေါင်းပြားခြင်း မျက်လုံးပြူးခြင်း ခန္ဓာကိုယ်တွင်အမာရွတ်ရှိခြင်း စသည်စဖြစ် ချွင်းရင်းချက်များရှိတာကြောင့် အဝင်ဆောင်မှာမပါလေခြင်းသာဖြစ်သည်)

(အရှင်ဝမ်နဲ့ အရှင်ကျန့်တို့ ထိုင်နေသည့် ပလ္လင်ရှေ့တွင် ပါဝါအနီများဟာကာထားသည် ထိုပါဝါများဟာ တစ်ဖက်ကိုတော့ ထိုးဖောက်မြင်နေရပါသည်" နာမည်များခေါ်လျှင်အပျိုတော်များဟာ အရှင်တို့အရှေ့ ရပ်ကာ ဖျော်ဖြေရေးတစ်မျိုး လုပ်ပြရလေသည်)" ထိုအနက် အရှင်သဘောကျသူသာ ကိုယ်လုပ်တော် ရာထူးခန့်အပ်ခံရမှာ ဖြစ်ပါတယ်)

"လီယောင်ယောင်"

"သူမနာမည်ခေါ်လိုက်သည်မို့ ထိုသူမဟာ အရှေ့သို့ထွက်ကာ သူမကျွမ်းကျင်ရာဖြစ်သော ပန်းထိုးပန်းရီလေးကို ထိုးပြလေသည်"

"ကျန့်အာ သူမကိုဘယ်လိုမြင်ပါသလဲ"

"အရှင်ကိုယ်တိုင် ဆုံးဖြတ်မှဖြစ်သင့်တာမဟုတ်လား သူမတို့ဟာအရှင့်ကိုခစားမယ့် အမျိုးသမီးတွေပါ

"ဟင်းးးး ငါကိုယ်တော်မှာ ကျန့်အာတစ်ယောက်လုံးရှိနေတာ ဒီအမျိုးသမီးတွေကိုမှမလိုအပ်တာ

(သူလူကြားထဲပြောချင်ရာ ပြောသည့် မင်းကြီးကို ရှောင်းကျန့် ဘာစကားမှပင်မပြောတော့ မင်းကြီးကမရှက်ပေမယ့် သူကတော့ ရှက်သည်လေ )

"ကောင်းပါပြီ ကျွန်တော်မျိုး ဝေဖန်ကြည့်ပေးပါ့မယ်"

"သူမဟာ ယဥ်ကျေးတဲ့ မိန်းကလေးတစ်ယောက် မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အပြုအမူတွေသူမမှာရှိတယ် ။ သူမကိုကြည့်ရတာ လူကြောက်တတ်တယ်" "ကျွန်တော်မျိုးမြင်တာတော့ ဒီလောက်ပါပဲ

"ကောင်းပြီ"

"အပျိုတော်ထိန်းသူမကို ငါကိုယ်တော်သဘောကျတယ်"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

(ဝင်ခွင့်ရသွားသည့် လီယောင်ဟာ ဝမ်းသာတစ်ဝက်ဝမ်းနည်းတစ်ဝက် ဖြစ်လို့နေသည်)

(Completed) (Season.1)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now