Love piano🌸Ep.17

593 28 0
                                    

"ရှစ်ကျွင်း..မီးငှက်က ဒေါသထွက်နေသလိုပဲ

"ဟုတ်တယ် လောကကြီးလေးခုနဲ့ ဘုံလောကသုံးခု ဗြောင်းဆန် ဖို့အချိန်ကျပြီထင်ပါတယ်

"ရှစ်ကျွင်း..ဒီဖီးနစ်ငှက်က အိပ်စက်နေတာ ဒီလောက် နှစ်ပေါင်း ထောင်ချီနေတာကို အခုမှ ဘယ်လိုဖြစ်ပြီး နိုးထလာမှာလဲ

"တကယ်တော့ သူအိပ်နေရခြင်းရဲ့အဓိကအကြောင်းက သူ့ရဲ့ သခင် အသက်ကြွေလွင့်ကာ ခန္ဓာပြာဖြစ်သွားလို့ပဲ . အခု သူနိုးထလာရတဲ့အကြောင်းကတော့ သခင်အသစ် ထွက်လာပြီဖြစ်လို့လဲ

"ဒါဆို သခင်အသစ်က ဘယ်သူဖြစ်နိုင်လဲ

"ဘယ်သူသိနိုင်မလဲ ကံကြမ္မာစီစဥ်သလိုပဲပေါ့ သူရဲ့ ဒေါသမီးတွေ မြင်ရပုံထောက်ရင်တော့ အင်းး....

"အော် ဒါနဲ့ ရှစ်ကျွင်း.. အခုရက်ထဲ ကျင့်ကြံသူနတ်ဘုံမှာ မိစ္ဆာ အနံတွေအရမ်းပြင်းနေတယ်
ကျွန်တော်တို့ သွားကြည့်သင့်လား

"သူ့ဘုံမှာ သူ့ဟာနဲ့သူ စောက်ရှောက်သူတွေရှိပြီးသားပါ ငါတို့ ဝင်စွတ်ဖတ်တာ သူတို့ကကြိုက်ချင်မှ ကြိုက်မှာလေ..

(ဟုန်နန်းတော်အတွင်းက ရေခဲနန်းဆောင်တွင်)

"တကယ်ပဲ ငါကိုယ်တော်အတွက် မျှော်လင့်ချက် သေးသေးလေးတောင် မရှိတော့ဘူးပဲ

ကံတရားကြီးက ငါကိုယ်တော်ကို မယ်တော် ဝင်းက ဖွားမြင်လာပြီး ယခုအချိန်ထိ မျက်နှာသာမပေးခဲ့ပါလား

ငါကိုယ်တော် ချစ်ရတဲ့သူတွေကို ဘာကြောင့်မှာ အဝေးကို ပို့ဆောင်နေရပါသလဲ

အင်း ဒါလဲကောင်းပါတယ်လေ... ငါ့လို အကြီးတန်လှတဲ့ ရုပ်ကိုမြင်ပြီး သူကြောက်ရွံ့သွားမှာထက် ကံတရားရဲ့ လုပ်ရက်က ပိုကောင်းမွန်ပါတယ်

ဒုက္ခိတ တစ်ယောက်ကို အဘယ်သူက ချစ်နိုင်မှာလဲ ကိုယ့်ဟာကိုယ်တောင် မကာကွယ်နိုင်တာ ချစ်ရသူကို ကာကွယ်ပေးဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ပဲ

ဘာပဲ ဖြစ်ဖြစ် သူနဲ့သာဆို ငါကိုယ်တော် ချစ်ရတဲ့သူကို စိတ်ချပါတယ်။

(ရေခဲနန်းဆောင် အတွင်းက လူတစ်ဦးဟာ သူ၏ မျက်နှာက ဒဏ်ရာ အမာရွတ် တွေကို ကြေးမုံ မှာ ကြည့်နေရင်း ချစ်ရသူအကြောင်း တွေးနေမိသည်... ချစ်ခွင့်တောင် မရှိတဲ့ သူ့လို လူအတွက် ဖြူစင်တဲ့  အပြုံးလေးတစ်ခုနဲ့ သာ ကျေနပ်နေရသူ သာ... )

(Completed) (Season.1)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now