Unicode
(ယခုအချိန် ဟုန်နန်းတော် အနောက်နန်းဆောင်)"အရှင်...
(လက်ကဒဏ်ရာကြောင့် အိမ်ပျော်သွားတဲ့ ရှောင်းကျန့် နိုးလာတော့ သူ့ကို ဖက်ကာ သူ့မျက်ဝန်းကို စိုက်ကြည့်နေတဲ့ ဝမ်အရှင်)
"မင်း နိုးပြီလား ကျန့်အာ
"အရှင် ကျွန်တော့်အဆောင်မှာ ဘာလုပ်နေတာပါလဲ
"ကျန့်အာ..ကိုစောင့်ကြည့်နေတာ..အဲ့ဒီမြှားသမားကျန့်အာစီရောက်လာရင်ဘယ်လိုလုပ်မလဲ..
"သူ့ရဲ့မြှားဦးက အရှင့်ကိုဦးတည်တာ ဒါကြောင့် သူအန္တာရယ်ပြုချင်တာ ကျွန်တော်မဟုတ်ပါဘူး...
"ကိုယ် ကျန့်အာအနားမှာနေချင်လို့
(ဒီညအချိန်ကုန်လို့ မနက်ဖြန်ကျရင် ဘာတွေဖြစ်လာမယ်ဆိုတာ ရိပေါ်ကြိုမသိနိုင်ပါ.. သူရှောင်းကျန့်ကို ထပ်မြင်ရပါ့မလားဆိုတာလဲ မသိရပါ... ဒီခန္ဓာကိုယ်လေးကို နောက်ထပ်တစ်ခါဖက်ခွင့်ရမလားဆိုတာလဲ မသိနိုင်ပါ.. အခုလို ဖြူစင်တဲ့ မျက်ဝန်း လေးတွေကို ထပ်မြင်ရဖို့ မျှော်လင့်ချက် မရှိပါ..)
"ကျွန်တော့်ကိုလွတ်ပါ အသက်ရှူကြပ်လှပြီ
"ဟုတ်ပြီ ဖွ့ဖွ့လေးဖက်ထားမယ်လေ
"အရှင် ... ကျွန်တော့်အပေါ် ခံစားချက်တွေ ရှိနေတာလား
"အင်း..ကျန့်အာကို စတွေ့တဲ့ အချိန်ကစလို့ ယခုအချိန်ထိ ကိုယ်တော် မင်းကိုနှစ်သက်မိပါတယ် မင်းကို သဘောကျတယ်
(တုန့်ဆိုင်းခြင်းမရှိဖြေလာတဲ့ မင်းကြီးကြောင့် ရှောင်းကျန့် ခဏမျှ ငြိမ်သက်သွားလေသည်..နှလုံးခုန်နှုန်းတွေဟာ သူ့နား အနားက အသက်ရှူ သံနဲ့အတူ သိမ့်ကို မြန်ဆန်လှသည်)
"သဘောကျတယ်... သဘာကျတယ်ဆိုတာဘယ်လိုမျိုးလဲ
"အင်.... တစ်ယောက်ယောက်ကို သဘောကျမိရင် အဲ့ဒီလူအတွက် အရာရာကိုစွန့်လွတ်နိုင်တာမျိုး အချိန်စက္ကန့်တိုင်း အဲ့ဒီလူအနားမှာ နေချင်တာမျိုး..အဲ့ဒီလူကိုမတွေ့ရရင် ဝမ်းနည်းကာ လွမ်းဆွေးရပြီး..အဲ့ဒီလူကို မြင်နေရရင် အမြဲပြုံးနေတတ်တာမျိုး..အဲ့ဒီလူရဲ့ စကားတိုင်းကို ထောက်ခံပေးပြီး အဲ့ဒီလူကို ကြည့်နေရရင် ပြုံးတာရပ်မရတော့တာမျိုး.."
YOU ARE READING
(Completed) (Season.1)(Love piano🌸_မင်းကြီး၏ အချစ်)
أدب الهواةYiZhan ><♥ ကောင်းကင်ဘုံ ငရဲဘုံ မိစ္ဆာပြည် စွမ်းအားရှင်များ ရှိကျလေသည် ။ လွန်ခဲ့သော နှစ်ပေါင်းထောင်သောင်းခန့်က မိစ္ဆာများနဲ့ စွမ်းအားရှင်များဟာ တိုက်ပွဲများ ဖြစ်ပွားသွားလေသည်။ အင်အား မမျှတမှု့ကြောင့် မိစ္ဆာများ အရေးနှိမ်ခဲ့ကျလေသည်။ ရှောင်းကျန့်ဟာ သူ၏...