Love piano🌸Ep.4

1K 51 0
                                    

Unicode
" အရှင်ကြီး.... ကျွန်တော်မျိုးရောက်ပါပြီ

"ရှောင်းကျန့် သတင်း...?

"အိမ်ရှေ့စံ ကို ဟန်မင်းကြီးက အနောက်ဆောင်အရှင် ရာထူးခန့်အပ်လိုက်ပါတယ်တဲ့

" အင်း..... ငါကိုယ်တော် ထင်ထားသလိုပါပဲ ဒီတစ်ခါတော့ စွမ်းအားရှင်များ အရေးနှိမ်မယ့်အချိန်ကို ရောက်လာတော့မယ်

"အရှင်

(ချွဲ့ပြစ်နေတဲ့ မိန်းမ တစ်ယောက်အသံ အဆုံး အစောကသတင်းပေးသောသူဟာ အပြန်ပင်ထွက်သွားလေသည်)

"အရှင် နှမတော် အဲ့ဒီကောင်လေးရဲ့ နှလုံးသားကိုစားချင်လှပြီ ဘယ်အချိန်မှ နှမတော်စားသုံးရမှာလဲ

(နှုတ်မှချွဲပြစ်သော အသံ သုံးကာ နှိပ်ချေမြှင့်ချေနဲ့ ပြောနေလေသည် လက်တွေက အရှင်ကြီး၏ ရင်ဘက်ကို ပွက်သ-တ်နေသည် အရှင်ကြီးဟာ နီမြန်းနေတဲ့ ကောင်းကင်ကြီးကို ကြည့်ကာ အကြောင်းအရာများကို တွေးကာ ကျေနပ်ပြုံးတစ်ခု ပြုံးနေလေသည်)

(ရှောင်းကျန့် ပေါင်ပေါ်မှာ အိပ်နေတဲ့ ဝမ်အရှင်ကို ငုံ့ကြည့်မိလိုက်သည် " အိပ်ပျော်နေတဲ့ ဝမ်အရှင်မျက်နှာတော်ဟာ အဘယ်ကြောင့်များ ဖြူစင်နေရပါသလဲ )(သူမသိလိုက်ချိန်မှာပဲ ဝမ်အရှင်ကို ကြည့်ကာ အပြုံးနုလေးတစ်ခု ပြုံးမိလိုက်သည်)

"ရှောင်းကျန့် မင်းအဘယ်ကြောင့် ပြုံးရဲရတာလဲ (ရှောင်းကျန့်စိတ်ထဲတွင် စိတ်တိုကာသူ့ကိုသူ ပြောလိုက်မိခြင်းသာ)

"ကျန့်အာ ငါကိုယ်တော်ကို ကြည့်လို့ဝပြီလား

"ဟမ် အာ အဟမ်း ကျွန်တော်မျိုး အရှင့်ကိုမကြည့်ပါဘူး

"ဟားးဟားး ဒါပေါ့ဒါပေါ့

(ဝမ်ဟာ လူမိကာရှက်သွားတဲ့ သူ၏ကြင်ရာသူ ကို မစချင်တာမို့ ရယ်သာရယ်လိုက်ပြီး ကောက်ထိုင်လိုက်သည်)

"အရှင် အချိန်လဲ မလင့်တော့တာမို့ ကျွန်တော်မျိုး အဆောင်တော်ကို ပြန်သင့်ပါပြီ

"ကောင်းပါပြီ ငါကိုယ်တော် ကျန့်အာကိို လိုက်ပို့ပါရစေ

(ဝမ်ဟာ အရှေ့ကနေ လှုပ်လှုပ်လမ်းလျှောက်နေသည့် လူသားလေးကို အနောက်ကနေ မြတ်နိုးသော မျက်ဝန်းလေးများနဲ့ကြည့်ကာ သူတစ်ယောက်ထဲသာ ပြုံးနေမိသည်)

(Completed) (Season.1)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now