Love piano🌸Ep.11

620 38 5
                                    

(မနက် မိုးသောက်သည်နှင့် )

"အဒေါ် ဒါကို လူနာအကုန်လုံးကို တိုက်ပါ  . သူတို့အားလုံးကို မထိမိစေအောင် သတိနဲ့နေပါ ဆေးသောက်ပြီး ၅မီနစ် ကြာမှ ဆေးအာနိသင် ပြပါလိမ့်မယ်"

"အေးကွယ် အေး ..... ကဲကဲ မင်းတို့ဒီဆေးတွေယူပြီး တစ်ယောက်တစ်ခွက်တိုက်လိုက်ကျ

{ထိုအဒေါ်ရီးဟာ အနာရှိလူများကို ခေါ်ကာ ဆေးများ တိုက်ခိုင်းလိုက်တော့သည်}

"ကျန့်အာ မင်းပင်ပန်းနေပြီလား

"ကျွန်တော်မျိုးက ပင်ပန်းတယ်လို့မတွေးမိဘူး

"ဟင် ကိုယ်နားမလည်ဘူး

"ပြည်သူပြည်သားတွေကို ကူညီခွင့်ရတာကို ပင်ပန်းတယ်မထင်မိဘူး ပြောတာပါ

{အမှန်ပင် ရှောင်ူကျန့် မျက်နှာဟာ အပြုံးတွေ ဝေဆာလို့နေသည် ပင်ပန်းနေသော်လဲ ပင်ပန်းသည် ဆိုတာမျိုး တစ်ခါပင်မပြောခဲ့}

{ဝမ်တို့ ထိုမြို့လေးမှာ နှစ်ရက်လောက် နေပြီးချိန်မှာတော့ တစ်ခြား နေရာကို ခရီးဆက်ခဲ့ကျလေသည်}

{မြင်းများကို အရှိန်တင်ကာ ခရီးနှင်ခဲ့ကျလေသည်" နှင်းမုန်တိုင်းများ ကျရောက်လာသည်မို့ အချိန်အတော်တွင် မြင်းများလဲ မပြေးနိုင်တော့ပါ ထိုအပြင် ရှောင်းကျန့်တို့လဲ အေးခဲလို့လာသည်}

{နှင်းမုန်တိုင်းက မြောက်အရပ်ကနေ တိုက်ခိုက်လာပြီး နှင်းဖွင့်ဖက်များကလဲ အတော်ပင်ကြီးလှသည် မြူများကလဲ စိုင်းလာသည်မို့ အရှေ့တွင် ဘာရှိသလဲကိုပင် မတွေ့ရ သုံးယောက်လာသော်လဲ ယခုဆို အဖွဲ့ပင်ကွဲကာ တစ်ယောက်နဲ့တစ်ယောက် မမြင်ရတော့ပါ}

"ကျန့်အာ ကျန့်အာ.... မင်းဘယ်မှာလဲ

"အရှင် ကျွန်တော်မျိုးဒီမှာ

{သူတို့၏ မလှမ်းမကမ်းကနေ မြင်းခွာသံများ ကြားလိုက်ရသည် ထိုကြောင့် သူတို့အကုန်မြင်းပေါ်ကဆင်းကာ ငြိမ်နေကျသည် နှင်းမုန်တိုင်းများရှိသည်မို့ တစ်ဖက်လူတွေ သူတို့ကို မမြင်ရမှာ သေချာပါသည် . သူတို့ရပ်နေကျပြီး ခဏအကြာတွင် နှင်းမုန်တိုင်းများက ရပ်စဲသွားလေသည် }

(Completed) (Season.1)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now