Love piano🌸Ep.15

648 26 0
                                    

Unicode
သေချာသလောက်က ရှောင်းကျန့်ဟာ ငရဲပြည်၏ မင်းသားတစ်ပါး ဒါကြောင့် သူ့အနားလာခဲ့သည်ကာ သူ့ကို အန္တာရယ်ပေးဖို့ဆိုတာ သိသာလွန်းသည်...

သူသိမ့်ကိုချစ်မြတ်နိုးတဲ့ လူတစ်ယောက်က သူ့ရန်သူဖြစ်နေတဲ့အပြင် သူ့အသက်ကိုနှုတ်မယ့် လူတစ်ယောက်တဲ့လား .... ဘယ်လောက်များ ရင်နာဖို့ကောင်းလိုက်သလဲ..

"ကျန့်အာ...

"ဟုတ် အရှင်ဘာများပြောချင်လို့ပါလဲ

"မင်း..ကိုယ့်ကိုဝန်ခံ စရာမရှိဘူးလား..ဒါမှမဟုတ် တစ်ခုခုပြောချင်တာမျိုးမရှိဘူးလား

{သူငါ့ကို သံသယ ဝင်နေတာလား ဒါမှမဟုတ်ငါ့ကိုစမ်းသပ်တာလား}

ခန့်မှန်းရခက်လှတဲ့ ဝမ်အရှင်၏ မျက်ဝန်းတွေကြောင့် ဒီမေးခွန်းကို ဘာကြောင့်မေးသလဲဆိုတာကိုရှောင်းကျန့် အဖြေမရခဲ့ပါ

"ကိုယ်သောက်ခိုင်းတဲ့ အားဆေးရည်ကိုဘာကြောင့်မသောက်ရတာလဲ ကျန့်အာ...

"ဒါ...ဒါကိုပြောတာလား

"အင်းလေ မဟုတ်ရင်ဘာဖြစ်နိုင်လို့လဲ..ဘာလဲ အချစ်ဝန်ခံချင်လို့လား

"အရှက်မရှိလိုက်တာ

"ဟားဟားး

{နှုတ်ခမ်းစူကာ မျက်စောင်းလေးပါထိုးပြီး ရှက်သွားတဲ့ ပုံစံဟာ ဝမ်အရှင်ဖို့ နစ်လိုဖွယ်ရာပင် ဒီကောင်လေးကို မြတ်နိုးတနာ သည်မို့ ဖြစ်နိုင်ရင် ဝမ်အရှင်တို့ အာကတွင်းထဲငုံထားလောက်သည်}

"တော်သေးတယ်... သူမရိပ်မိလို့ ဒါပေမယ့်ထက်မြတ်တဲ့သူ့လိုမင်းတစ်ပါးက ငါ့ကိုသံသယမရှိဘူးဆိုတာမဖြစ်နိုင်ဘူး ဘာပဲဖြစ်ဖြစ် သတိကပ်မှရမယ် ဒီနန်းတော်ထဲမှာ သေသွားလို့မဖြစ်ဘူး

"အရှင်...

"လာမယ့် ပန်းညတော်မှာ...ကျွန်တော်မျိုးနဲ့အတူ လိုက်လည်ပေးနိုင်မလား..

"အို....ငါ့ကိုယ်တော်ရဲ့ ကျန့်အာက ကိုယ်တော်ကိုအပြင်ကိုလိုက်လည်ပေးစေချင်တာလား

"အင်း..ကျွန်တော်တစ်ယောက်ထဲမသွားချင်ဘူး..ပြီးတော့ မင်းကြီးလဲတစ်နေ့နေ့ စစ်တိုက်လိုက် ဓ-ားစင်ကျင့်လိုက် တရားထိုင်လိုက် ပင်ပန်းတယ် တစ်ခါတစ်လေ အပြင်လောက ကအလှတရားတွေကိုရူ့စားသင့်တယ်

(Completed) (Season.1)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now