အပိုင်း ၁၀

10.6K 215 6
                                    


အပိုင်း  ၁၀

"မမြင့် ခုနတုန်းက ကားသံကြားလိုက်တယ် ဘယ္သူလာတာလဲ "

"နေခန့်ရယ်ပါ မမကြီး ဧည့်ခန်းထဲမှာ ထိုင်နေပါတယ်"

"စောစောစီးစီးပါလား သမီးဆီလာတာထင်တယ် မမြင့် သမီးနိုးပြီလား သွားကြည့်လိုက်အုန်း"

"ဟုတ်ကဲ့".

မမြင့်ကို ထိုသို့ခိုင်းပြီး ဧည့်ခန်းဆီထွက်လာသော ဒေါ်ခင်မမ

"သား မနက်စာစားပြီးပြီလား "

"မစားရေသးဘူး အေမ ဒီနေ့မာမီနဲ့ဒယ်ဒီက ပြည်ကို ခရီးထွက်သွားတယ် မင်္ဂလာဆောင်ဖိတ်ဖို့လေ ဖိတ်စာတွေရပြီ "

"ဟုတ္လား "

"ဒီမွာ နမူနာ "

နေခန့် သူ့ဘေးမှာချထားတဲ့ဖိတ်စာတခုကို ယောက္ခမဆိလက်လှမ်းပေးလိုက်လေသည်။

"ပုံနှိပ်တိုက်က ဒီနေ့ အမေတို့ဆီလာပို့ပေးမယ်ပြောတယ် ကျတော်က နမူနာဘဲယူလာလိုက္တာ"

"အော် လွသားပဲ ဖိတ်စာလေးက...။ ဒါနဲ့ မင်းတို့ Preweedingရိုက်ဖို့ရက်ချိန်းယူထားတာ ဒီနေ့မလား"

"ဟုတ်တယ် မခြေထောက်ကဒဏ်ရာနဲ့ဆိုတော့ ရွေ့လိုက်ရင်ကောင်းမလားတွေးနေတာ"

"မရွေ့ပါနဲ့"

ခြူးစစ်ထိုသို့ပြောရင်း ဧည့်ခန်းသို့ ဝင်လာလေသည်

"ငါ့ဒဏ်ရာကဘာမှမဖြစ်တော့ပါဘူး သက်သာနေပါပြီ ၂ရက်လောက်နားပြီးပြီဘဲ ရပြီ"

"တကယ်ကောသက်သာရဲ့လား မ "

"အင်း "

"အဲ့ဆို ဒိနေ့သွားလိုက်ကြလေ အချိန်ရရင် တခါထဲ မင်္ဂလာဝတ်စုံစမ်းဝတ်ကြည့်ခဲ့။ သား မနက္စာမစားရေသးဘူးလား ထ မနက်စာသွားစားကြမယ်"

"ဟုတ်ကဲ့"

ဒေါ်ခင်မမ သမက်လုပ်သူကို ထမင်းစားခန်းသို့ ဆွဲခေါ်သွားလေသည်။

%%%%%%%%

"မင်္ဂလာပါရှင့် "

Studioထဲဝင်လိုက်တာနဲ့ ဧည့်ကြိုကောင်တာက ကောင်မလေးတွေက ဆီးကြိုနှုတ်ဆက်လေသည်။

"အမတို့က Preweeding Booking ပေးထားတာ ညီမေလး"

"ဟုတ်ကဲ့ရှင့် နာမည်လေးတစ်ချက်ပြောပေးပါနော် မမ"

Only One(completed )Where stories live. Discover now