အပိုင်း ၄

10.9K 245 2
                                    

အပိုင်း ၄

"ဘာ Royal ဟုတ်လား "

သူငယ်ချင်းရဲ့စကားကြောင့် ခန့်နောင်ဆေးဘူးကို ဆွဲယူလိုက်လေသည်။

"ဟူတ်ပါ့ manufactured by Royal Group တဲ့ ခန့်နောင်တို့ Companyကဘဲ"

အလင်းသစ်ကပါ ဘေးကကြည့်ရင်းပြောလိုက်တော့
နေခန့်တစ်ယောက် အကြည့်တွေရွှန်းလဲ့လာလေသည်။

"အဲ့ဆိုရှာရလွယ်သွားပြီပေါ့ ခန့်နောင် ငါ့ကိုကူညီပေးအုန်း "

"ကူညီလို့ကရပါတယ် ဒါပေမယ့် ငါတို့Companyက ဝန်ထမ်းကအများကြီး မင်းမမကိုဘယ်လိုရှာမလဲp

"ဟူတ်သားဘဲ သူတို့Royal Groupက အကြီးကြီး လုပ်ငန်းတခုချင်းစီလိုက်ရှာမလို့လား"

သူငယ်ချင်းတွေရဲ့စကားကြောင့် ပြန်စိတ်ညစ်သွားသောနေခန့်

"ငါဘယ်လိုလုပ်ရမလဲ ငါ့ကိုပြောကြပါအုန်း"

သူငယ်ချင်းတွေ သူ့အတွက်ကူစဥ်းစားပေးကြလေသည်။

"ခနလေး သူကဆေးဘူးပေးတာမလား အဲ့ဆို ဆေးဝါးလုပ်ငန်းကဝန်ထမ်းနေမှာပေါ့"

"အေး ဟုတ်လောက်တယ်နော် "

"မဟုတ်ဘူး ငါသိသလောက်ဆို ဆေးဝါးလုပ်ငန်းက မှော်ဘီဘက်မှာ သပ်သပ်ရုံးခွဲထားတာ မင်းAccidentဖြစ်တာ ဘယ်နားလဲ နေခန့်"

"ငါဖြစ်တာလမ်းမတော်ဘက်မှာ "

"ဟုတ်ပါတယ် လမ်းမတော်ဘက်မှာက ရုံးချုပ်ဘဲရှိတယ်"

"ဟုတ်လား "

နေခန့် ခေါင်းငြိမ့်လိုက်ကာ တခုခုကိုတွေးလိုက်လေသည်။

"ငါ့ကိုစုံစမ်းပေးပါလား "

"စုံစမ်းတာကဟုတ်တယ် နာမည်လဲမသိဘဲ ငါကဘယ်လိုစုံစမ်းရမလဲ "

"ဟုတ်တယ်နော် ခက်လိုက်တာ"

သူတို့နှစ်ယောက် စိတ်ညစ်နေတုန်း ငြိမ်နေတဲ့အလင်းသစ်က ရုတ်တရက် တခုခုသိလ်ုက်သလိုနဲ့

"အာ ဟုတ်သားဘဲ "

ထအော်လိုက်လေသည်။

"လန့်လိုက်တာကွာ ဖြည်းဖြည်းသက်သာအော်ပါကွ "

"ဆောတီး ငါပြောချင်တာလောသွားလို့ "

"ကဲကဲ ပြော ဘယ်လိုလုပ်ရမလဲ ငါ့မမကိုအရမ်းတွေ့ချင်တယ်ကွ"

Only One(completed )Donde viven las historias. Descúbrelo ahora