အပိုင်း ၁၉

9.6K 250 14
                                    

Unicode

အပိုင်း  ၁၉

"နင်တခုခုဖြစ်လာသလား "

ဘာစကားမှမပြောဘဲ Hotpotသာတလုတ်ပြီးတလုတ်စားနေတဲ့သူငယ်ချင်းကိုကြည့်နေရင်း ကြယ်စင်ထူးဆန်းနေသလိုခံစားမိလေသည်။

"ဘာမှမဖြစ်ဘူး "

"ဟုတ်လို့လား "

"အင်း "

ကြယ်စင် တခုခုဖြစ်နေတယ်ဆိုတာရိပ်မိပေမယ့် ဆက်မမေးမိပေ။

"အအေးသောက်အုန်းမလား "

"အင်း သောက်မယ် စတော်ဘယ်ရီဖျော်ရည် "

ကြယ်စင် ဝန်ထမ်းကောင်မလေးအား စတော်ဘယ်ရီဖျော်ရည် ၂ခွက်လာပို့ခိုင်းလေသည်။

"ရော့ "

စတော်ဘယ်ရီဖျော်ရည်ကိုတစ်ငုံသောက်လိုက်ပြီး

"ဘယ်လိုဖြစ်တာလဲဆိုတော့....."

ခြူးစစ် သူငယ်ချင်းအားအကြောင်းစုံပြောပြလိုက်လေသည်။

"နင်ဘဲစဥ်းစားကြည့် ငါမှားသလား"

"မှားတယ် 1000%ကိုနင့်ဘက်ကမှားတာ"

"နေစမ်းပါအုံး ငါကဘယ်နေရာမှားနေလို့လဲ "

"ရည်းစားဟောင်းနဲ့ပူးတွဲနေတာလေ ဘယ်လောက်ဘဲအလုပ်ကိစ္စဖြစ်ပါစေ ကိုယ့်မိန်းမက ရည်းစားဟောင်းနဲ့ဖက်နေတာကို ဘယ်ယောက်ျားက ကြည်ဖြူမလဲ "

"ဖက်တာမဟုတ်ဘူးလေ ဒီတိုင်းသူ့ဘက်ကသာဖက်တာ နောက်ပြီးငါသူ့ကိုသေချာအပြတ်ပြောပြီးသား"

"အဲ့တာဆိုလဲသေချာပြောပြမှပေါ့အေးအေးဆေးဆေးလေ နင်ကလဲမှားသေးတယ် နင်ကဘဲတပြန်ဒေါသထွက်ပြနေတာမဟုတ်သေးဘူးလေ"

"အဲ့တာကတော့ ငါစိတ်ရှုပ်နေလို့ပေါ့"

"စိတ်ရှုပ်တာက နင့်ထက်နေခန့်ကပိုဆိုးမှာပေါ့ ဘာဘဲဖြစ်ဖြစ် နင်မှားတာ တောင်းပန်လိုက်"

ကြယ်စင့်စကားကြောင့် ခြူးစစ် ငြိမ်ကျကာသေချာပြန်တွေးနေလေသည်။

%%%%%%%%%%%

ခြူးစစ် အိမ်ပြန်ရောက်တော့ အိပ်ခန်းထဲမှာအရက်သောက်နေတဲ့သူကို တွေ့ရလေသည်။

Only One(completed )Where stories live. Discover now