အပိုင်း ၂၂

9.9K 263 40
                                    

Unicode

အပိုင်း ၂၂

"Hello အလင်းသစ်. "

"အေး ပြော "

"ဖေလိုးမသား ဘာလို့အခုမှဖုန်းကိုင်တာလဲ ငါမင်းကို ဆက်နေတာသုံးရက်လောက်ရှိပြီ ငါးလိုးမသားလေးရဲ့ မအေလိုး"

အလင်းသစ်ခမျာ ခန့်နောင်ရဲ့ဆဲသံလေးတွေကို နားနဲ့မဆံအောင်နားထောင်နေရလေသည်။

"မင်းမေလင်တဲ့မှဘဲ ဘာလို့ ဆဲနေရတာလဲကွ ဘာလဲ ပြော"

"နေခန့်မင်းသစ်နဲ့အဆက်သွယ်ရသေးလား..."

"ဟင် "

ခန့်နောင်မေးခွန်းကြောင့် အလင်းသစ် အံသြသွားရလေသည်။ နေခန့်အိမ်ပေါ်ကဆင်းသွားတာ သူသိနေပြီဘဲလို့ တွေးရင်း

"အေး ခနလေး ငါအပြင်ထွက်လိုက်အုန်းမယ်"

အခန်းထဲက နေခန့်ကြားမှာစိုး၍ အလင်းသစ် အိမ်ရှေ့ကပန်းခြံထဲသို့ဆင်းလာ​လေသည်။

"မင်းလဲသိနေပြီလား ခန့်နောင်"

"ဘာလဲ မင်းကအစကတည်းကသိနေတာလား "

"အေး "

"ဟာ အဲ့တာများ ငါ့ကိုပြောပါလား မင်းတို့ကွာ "

"ဆောတီးပါကွာ နေခန့်မင်းသစ်က မင်းကိုမပြောခိုင်းတာကွ ဘာဘဲဖြစ်ဖြစ် မခြူးစစ်က မင်းအမမလား"

"အေး အမဖြစ်နေလို့ ညီမသာဆိုလို့ကတော့ ဆောင့်ကန်ပစ်တာကြာပြီ မိန်းမတွေများခက်ပါ့ "

"စိတ်လျော့ပါကွာ... "

"ဒါနဲ့ နေခန့်ကောအဆင်ပြေရဲ့လား အခုမင်းတို့ဘယ်မှာလဲ"

"အင်း ငါတို့အခု အန်တီဥမ္မာဇာတိမှာ"

အလင်းသစ် ဖြစ်ကြောင်းကုန်စဥ်ပြောပြလေသည်။ နေခန့် အိမ်ပေါ်က ဆင်းပြီးတစ်ပတ်လောက်ကြာပြီးနောက် သူအရက်သောက်ဖို့ဖုန်းခေါ်လိုက်တော့ နေခန့်က သူတို့လင်မယားအကြောင်း ရင်ဖွင့်ရာကနေ အလင်းသစ် သူငယ်ချင်းဆီလိုက်လာခဲ့ခြင်းဖြစ်​လေသည်။

"အဲ့တာများ ငါ့ကိုအစကတည်းကပြောပါလား"

"အဲ့ကောင်က မင်းကိုမပြောခိုင်းတာကွ ငါကပြောမလို့လုပ်သေးတယ် ဒါပေမဲ့.. မင်းယောက်ဖက ငါ့ကို တားနေတာ "

Only One(completed )Where stories live. Discover now