အပိုင်း ၁၂

10.2K 212 2
                                    

အပိုင်း ၁၂

"ဟိုး Stop"

"ဘာလုပ်တာတုန်း "

အိမ်ထဲဝင်မလို့လုပ်စဥ် အပေါက်ဝကနေ လက်ချင်းတွဲကာပိတ်လိုက်တဲ့သူငယ်ချင်းနှစ်ယောက်ကို နေခန့်အော်လိုက်လေသည်။

"ရွှေကြိုးတားတာလေ မင်္ဂလာဦးညကို ဒီလိုလွယ်လွယ်လေးဝင်လို့ရမလား"

"နေ့ခင်းကလဲမင်းတို့တားပြီးသားလေ"

"မတူဘူးလေ နေ့လည်တုန်းက အကြို ဒါက...ဟီးးး
ဟီးး"

နှစ်ယောက်သား  ဟီလာထရင်းပြောလိုက်တော့

"ခန့်နောင်စစ် နင်တို့  ဖယ်နော်"

"ပေးလေ ဖယ်စေချင်ရငိ Money Money "

လက်ဝါးကိုဖြန့်ကာ ပိုက်ဆံတောင်းနေတဲ့မောင်ကြောင့် ခြူးစစ် ဒေါသထွက်လာလေသည်။

"ငါဒီနေ့တစ်နေ့လုံးအရမ်းပင်ပန်းနေတာနော် ဖယ်ကြ
ဒီထက်စိတ်တိုလာရင်လူသတ်မိလိမ့်မယ်"

"ဟာ အမကလဲ စိတ်ချည်းဘဲ ကျတော်တို့လဲ ဒီနေ့ပင်ပန်းတာပါဘဲ"

"ပင်ပန်းနေရင် အိမ်ပြန်ပါလား ဘာလို့ဒီထိလိုက်လာသေးလဲ"

မောင်နှမနှစ်ယောက် စကားများနေတာကြောင့် ကြားထဲက အလင်းသစ်နဲ့နေခန့် အနေကျပ်လာလေသည်။

"ကဲပါ မရယ် စိတ်လျော့ပါ ။ ရော့ ခန့်နောင် ဒါယူသွား"

နေခန့်က အကျီအိပ်ကပ်ထဲမှာရှိနေတဲ့ပိုက်ဆံအုပ်ကို
သူငယ်ချင်းလက်ထံထည့်ပေးလိုက်လေသည်။

"ThankU ကပ်စေးနဲအမနဲ့တော့ကွာပါ့ သွားပြီနော် ယောက်ဖ"

"သားကြီး Have a dark night"

"ဖေလိုးမသားလေး"

နားနားသို့ကပ်ရင်း Darkဆိုတဲ့အသုံးကို သုံးသွားတဲ့သူအလင်းသစ်ယြောင့် နေခန့် ဆဲလိုက်လေသည်။

%%%%%%

"မ ရေချိုးမလို့လား အေးတယ်နော်"

ရေချိုးတဘက်အကျီကိုယူကာ ရေချိုးခန်းသို့ဝင်မလိုလုပ်နေတဲ့သူမကိုမြင်တော့ နေခန့် စိုးရိမ်တကြီးမေးလိုက်လေသည်။

"inn လူတစ်ကိုယ်လုံး နံစော်နေတာဘဲ ချွေးတွေနဲ့ ခေါင်းတောင်မူးတယ် ရေချိုးမှအိပ်ရမှာ "

Only One(completed )Donde viven las historias. Descúbrelo ahora