အပိုင်း ၂၀

10K 262 16
                                    

Unicode

အပိုင်း  ၂၀

"ဂျွန်ကို ငါ့ကို ဟိုကိုယ်စားလှယ်ထဲကခေါင်ကိုခေါ်ပေး"

"ထိုင်းကဟာကိုပြောတာလား ဆရာ"

"အင်း ဟိုကောင်မဟုတ်ဘဲတခြားသူခေါ်ခဲ့"

"ဟုတ်ကဲ့ပါ ဆရာ"

ဦးမင်းထင် စည်သူတို့Companyက ကိုယ်စားလှယ်တစ်ယောက်ကိုခေါ်တွေ့လေသည်။

"ဦးမင်းထင် ကျတော့်ကိုဘာပြောစရာရှိလို့လဲမသိဘူး"

"တခြားတော့မဟုတ်ပါဘူး ကျတော်ခင်ဗျားတို့CEOနဲ့ ပြောစရာလေးရှိလို့ပါ ကျတော့်ကိုသူ့Ph Noဖြစ်ဖြစ် Emailဖြစ်ဖြစ်ပေးလို့ရမလား"

"ဟို. ကျတော်တို့က ဦးမင်းထင်တို့ကိုဘာများအဆင်မပြေအောင်လုပ်မိလို့လဲဗျ ကျတော့်တို့ကြောင့်ဆို ကျတော့်ကို တိုက်ရိုက်ပြောလို့ရပါတယ်ဗျ ကျတော်က Companyရဲ့ Directorတစ်ယောက်ပါ"

"အဲ့လိုဆို ကျတော် အမှန်တိုင်းပြောရရင် တခုလောက်တောင်းဆိုချင်တာ​လေးရှိလို့ပါ "

"ဟုတ်ကဲ့ ပြောပါဗျ"

"အဲ့ဘက်အဖွဲ့က စည်သူအောင်ကို ပရောဂျက်ကနေဖယ်ပေးဖို့ပါ အကယ်၍ ခက်ခဲနေတယ်ဆိုရင်လဲ ကျတော့်ဘက်ကစာချုပ်ကိုပြန်လျော်ပေးပါ့မယ်"

"စည်သူအောင်နဲ့အလုပ်မလုပ်ချင်ရတာ ဘာကြောင့်လဲသိလို့ရမလား "

"ဒါကတော့  Personal ကိစ္စမလို့ပါ အတင်းကျပ်တောင်းဆိုတာမဟုတ်ပါဘူး ကျတော်ကသူ့ကိုထိုင်းကိုပြန်ပို့ပေးစေချင်ရုံပါဘဲ တခြားဘာတောင်းဆိုချက်မှမရှိပါဘူး"

"အင်း... ။ ဒီလိုလုပ်ငန်းစုနဲ့လုပ်ကိုင်ဖို့ဆိုတာ ကျတော်တို့အတွက်ခက်ခဲတဲ့ကိစ္စတခုပါ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ပရောဂျက်ကိုရပ်ဖို့တော့မဖြစ်နိုင်ဘူး စည်သူအောင်ကို ထုတ်ပေးပါ့မယ်"

"ဟုတ်ကဲ့ ကျေးဇူးပါဗျ အဲ့နေရာမှာ နောက်ထပ်တောင်းဆိုချင်တာလေးရှိတယ်ဗျ "

"ဘာများလဲ ""

"ကျတော်တို့ဘက်ကပယောဂမပါဘဲ အဲ့ဘက်ကသဘောကြောင့် ထိုင်းကိုပြန်ခေါ်သလိုလုပ်ပေးပါဗျ"

Only One(completed )Donde viven las historias. Descúbrelo ahora