အပိုင်း ၁၃

9.9K 214 2
                                    

Unicode

အပိုင်း ၁၃

"မေကြီးတို့ကလဲ အချိန်တန်ရင် ရလာမှာပေါ့ သမီအပေါ်ထပ်ခနသွားအုန်းမယ်"

ခြူးစစ် ထိုသို့စကားစဖြတ်ကာ အိမ်ပေါ်ထပ်က သူမအခန်းဆီသို့ ဝင်လာခဲ့လေသည်။

" ငါဘယ်နားထားလိုက်မိပါလိမ့်"

မြန်မာဝတ်စုံကို ဘီဒိုထဲမွှေနှောက်ရှာလေသည်။ အိမ်ထောင်ကျပြီးတော့ အဝတ်စားတွေကို အခုနေတဲ့အိမ်သို့အကုန်လုံးနီးပါးယူခဲ့ပေမယ့် တချို့တဝက်ကိုတော့ မိဘအိမ်မှာ ထားခဲ့လေသည်။

"တွေ့ပြီ "

သူမရှာနေတဲ့ ကချင်ဝမ်းဆက်ကိုတွေ့လိုက်ရတော့ ဝမ်းသာအားရယူလိုက်စဥ်

"ဒါဘာကြီးပါလိမ့်"

အကျီအောက်မှာတစုံတခုကိုတွေ့လိုက်ရလေသည်။ ဒိုင်ယာရီစာအုပ်တစ်အုပ်...

"ဒီစာအုပ်ကို ဘာလို့မလွှင့်ပစ်ခဲ့မိတာလဲ"

စာအုပ်ထဲကနေထွက်လာတဲ့ဓာတ်ပုံလေးတစ်ပုံကြောင့်သူမရဲ့နာကျင်မှုတွေက ဆို့နင့်လာခဲ့လေသည်။

ရုတ်ချည်းဆိုသလိုစီးဆင်းလာတဲ့မျက်ရည်က သူမကိုအတိတ်နေ့ရက်ဆီခေါ်ဆောင်သွားလေသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)မှာ
တတိယနှစ်ကျောင်းသားလေးနဲ့ကျောင်းသူ စုံတွဲလေးတစ်တွဲရှိတယ်။ အများမြင်မှာလဲသိပ်ချစ်စရာ​ကောင်းကြတဲ့စုံတွဲလေးပေါ့။ ကောင်မလေးက ဒိတ်ဒိတ်ကြဲချမ်းသာတဲ့သူဌေးသမီး ဒါပေမယ့် ကောင်လေးကတော့ သာမန်မိသားစုကပေါ့။

"ကြယ်စင် ခြူးမလာသေးဘူးလား"

စည်သူအောင်စကားကြောင့် ကြယ်စင် ဖတ်လက်စစာအုပ်ကို ချကာ

"အေး မလာသေးဘူးထင်တယ် ငါလဲမတွေ့သေးဘူး"

"ဘာလို့နောက်ကျနေတာလဲ ဒီနေ့ကျူတိုရီယယ်ရှိတာကို"

"ကဲပါ စည်သူရယ် လာပါလိမ့်မယ်"

ထိုစဉ်

"ဘယ်သူလဲပြော"

စည်သူမျက်လုံးကိုနောက်ကနေလက်နဲ့​အုပ်လိုက်တဲ့ခြူးစစ်

"ခြူးရယ် မနောက်ပါနဲ့တော့ ခြူးမှန်းကိုသိပါတယ်"

Only One(completed )Onde histórias criam vida. Descubra agora