Unicode
အပိုင်း ၁၄
"ဘာပြောတယ် ငါ့သားလေး Accidentဖြစ်တယ်မလား"
"မေကြီး"
သားခိုက်မိတယ်လဲဆိုရော မူးလဲမလိုဖြစ်သွားတဲ့အမေကို ခြူးစစ် တွဲလိုက်လေသည်။
"မေကြီး စိတ်ထိန်းပါအုန်း"
"အခုဘယ်မှာလဲ ငါ့သားဘယ်မှာလဲလို့"
"Royal Hospital ကိုဘဲ ပို့လိုက်တယ် ပြောပါတယ် "
"မြန်မြန်သွားမယ် "
အားလုံး ဆေးရုံဆီသို့လိုက်သွားကြလေသည်။
"မန်နေဂျာကြီး သူတို့နှစ်ယောက် ဘယ်မှာလဲ "
ဂျွန်ကိုက အရင်ရှေ့ကြိုပြေးကာမေးလိုက်လေသည်။
"စမ်းသပ်ခန်းမှာပါ ဒါနဲ့ ဆရာကတော်တို့ပါဘာလို့လိုက်လာကြတာလဲ"
နောက်ကနေအမောတကောလိုက်လာတဲ့ဥက္ကဌမိသားစုကိုမြင်တော့ သူလန့်နေလေသည်။
"မင်းလား ငါ့သားကို ခေါ်သွားတာ "
"ဆရာကတော် ဘာကိုဆိုလို..."
သူ့စကားမဆုံးခင် သူ့ပါးကိုချမလိုလုပ်လိုက်တဲ့သူဋ္ဌေးမိန်းမကြောင့်လန့်သွားကာ နောက်ဆုတ်လိုက်လေသည်။
"မေကြီး စိတ်ထိန်းပါ မေကြီးရယ် ဂျွန်ကို "
ခြူးစစ် နောက်ကနေထိန်းလိုက်ရင်း ဂျွန်ကို့ကို အမေဖြစ်သူကိုခေါ်သွားဖို့ မျက်စပစ်လိုက်လေသည်။
"ဆရာကတော် ကျတော်နဲ့သွားထိုင်ရအောင်နော်"
ဂျွန်ကိုက ဒေါ်ခင်မမအား စမ်းသပ်ခန်းရှေ့ကထိုင်ခုံစီခေါ်သွားလေတော့
"ဘယ်လိုဖြစ်ရတာလဲ လုပ်ငန်းခွင်မှာ ဒီလိုဖြစ်တာဘယ်လောက်ထိအန္တရာယ်များလဲမသိဘူးလား"
မန်နေဂျာလုပ်သူက သေချာပြန်ရှင်းပြလေတော့သည်။
" ဆိုက်ထဲမှာစစ်နေတုန်း အုတ်ခဲတွေသယ်လာတဲ့လူတွေကို နှစ်ယောက်သားရှောင်ဖို့ နောက်ဆုတ်လိုက်ကြရင်း လှေကားကနေ နောက်ပက်လက်ကျကျတာပါ"
ခြူးစစ် ဘာမှဆက်မပြောမိဘဲ သက်ပြင်းသာချမိလေသည်။
"ဟုတ်ပြီ ပြန်လိုက်တော့ ရပြီ"
YOU ARE READING
Only One(completed )
FanfictionOnly one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေပန်းစားပေမယ့် အပျော်သာတွဲခဲ့လေသူ FL ခြူးစစ်ဟန် Age- 27 Height 5' 8" "Royal" Group မြန်မာနိုင်ငံရဲ့ အ...