Zawgyi
MUSE အဆောက်အဦးရဲ့ ၃၈ထပ်နှင့် ၃၉ထပ်တို့က ကုမ္ပဏီရဲ့မျက်နှာစာဌာနပင်။ အဝတ်လဲခန်းဆီသို့ ဦးတည်နေသည့် ၃၉လွှာရဲ့ခန်းမကျယ် အနောက်ဘက်ခြမ်းက တောက်ပြောင်သန့်ရှင်းနေကာ၊ ၎င်းက ပိုင်ရှင်မှ ဂရုတစိုက်ရှိမှန်း သိသာလှတယ်။ မင်ယွီက တံခါးပေါ်က နာမည်ဆိုင်းဘုတ်ပြားကို ကြည့်လိုက်တယ်။
MUSE ရဲ့ စတိုင်လစ်ခေါင်းဆောင်၊ ကျိုးဝေကျိုး။
"ပုဂ္ဂိုလ်ရေးအရပြောရရင် မင်းရဲ့အခုစတိုင်က အရမ်းမိန်းမဆန်လွန်းတယ်. ဒီလိုပုံစံရှိတာ ကောင်းပေမယ့်လေ၊ အဲ့ပုံစံက မင်းရုပ်နဲ့ လိုက်ဖက်မနေတဲ့အခါကျ အဆင်ပြေနေမှာမဟုတ်ဘူး" ကျိုးဝေကျိုးက မင်ယွီကို မှန်အရှေ့မှာ ထိုင်ခိုင်းလိုက်ပြီး ပြောလိုက်တယ်။ သူမက မင်ယွီကို အကြိမ်အနည်းငယ်လောက် စုန်ချည်ဆန်ချည်ကြည့်ပြီး မေးတယ်၊ "မင်းရောဘယ်လိုထင်လဲ?"
မင်ယွီက အပြင်ထွက်လာတုန်းက သူ့ရဲ့မဟားတရားကို ရှည်လျားလှသည့်ဆံပင်တွေက သူ့ကို အတတ်နိုင်ဆုံး မိန်းမနဲ့တူ,မသွားမိစေအောင် အထူးသတိထားပြင်ဆင်ခဲ့ရတယ်။ သို့ပေမယ့် မူလကိုယ်ရဲ့ရုပ်ရည်ကိုက မိန်းမချောချောတဲ့ဘက်ကို တကယ်ကြီးရောက်နေတယ်။ ဒီလိုအလှလေးရုပ်နဲ့ လူတစ်ယောက်က သူ့မှာ တိကျတဲ့ အရှိန်အဝါအစုအဝေး ရှိမနေဘူးဆိုရင်၊ ၎င်းက ဆိုးဝါးတဲ့အားနည်းချက်တစ်ခုအဖြစ် ပြောင်းလဲသွားစေတယ်။
မင်ယွီ တအောင့်လောက် စဉ်းစားပြီးမှ၊ "*ကျိုးကျဲ ကျွန်တော့်ဆံပင်ကို သေသေသပ်သပ်ဖြစ်အောင် ညှပ်ပေးပါလား? ကျွန်တော် တည်တည်တန့်တန့် ဖြစ်ချင်တယ်"
(*K/N - ကျိုးဝေကျိုးက အသက်ကြီးတာမို့၊ မိန်းကလေးလဲဖြစ်တော့ ကျဲလို့ခေါ်လိုက်တာ အစ်မကျိုးလို့ မရေးချင်လို့ပါ)
ကျိုးဝေကျိုးက ဒီစကားကိုကြားလိုက်တော့ မျက်ခုံးပင့်သွားတယ်။ "သေချာလား?"
YOU ARE READING
ချုံရှန်းချောင်မို ချုံရှန်းချောင်မို
RomanceZawgyi+Unicode MM Trans BL I don't own this Novel! Credit to original Author! Credit to Original Artist from CV