Zawgyi
ပရော်ဖက်ရှင်နယ်မော်ဒယ်တွေနဲ့ လက်သင်မော်ဒယ်တွေကြားမှာ အကြီးမားဆုံးသောကွဲပြားချက်က ဘာလို့ထင်ပါသလဲ?
ပထမဆုံးကတော့၊ ကင်မရာမှန်ဘီလူးအပေါ် သူတို့ရဲ့တုန့်ပြန်ခံစားနိုင်စွမ်းပင်။
ကနေ့ ဖက်ရှင်အင်တာတိန်းမန့်မှာ ဓာတ်ပုံလာရိုက်ကြသည့် မော်ဒယ်အများစုက လူသိနည်းကြတယ်။ သူတို့ထဲမှာ အကျော်ကြားဆုံးဆိုလို့ ကျူးဝေတစ်ယောက်ပဲရှိသလို၊ ထိုနည်းတူစွာ မင်ယွီကိုလည်း ကောင်းကောင်း ထည့်တွက်ပေးလို့်ရတယ်။
မော်ဒယ်တွေအတွက် အခြေခံအချက်တွေက ဖက်ရှင်ရှိုးလျှောက်တာနဲ့ ဓာတ်ပုံရိုက်တာပင်။ ဒါပေမယ့်၊ အခြေခံချင်းကိုတောင်မှ၊ သူတို့တွေက ဟန်ပန်အမူအရာတွေ၊ သွင်ပြင်တွေနဲ့ အရှိန်အဝါတွေကို မတူခြားနားစွာ ပြသကြတယ်။
မင်ယွီကို ဓာတ်ပုံစ,ရိုက်တုန်းကတော့၊ ဓာတ်ပုံဆရာက သူ့ကို တခြားမော်ဒယ်ပေါက်စတွေလိုပဲ ဆက်ဆံလိုက်တယ်။ သူ လေးငါးပုံလောက် ရိုက်အပြီးတော့မှာ မင်ယွီကို သူ့ကိုယ်ဟန်အနေအထား ပြောင်းဖို့ ခွင့်ပြုပေးလိုက်တယ်၊ ပြီးတော့ မီးအလင်းအမှောင်ကို ဂရုစိုက်ပေးဖို့ ပြောတယ်၊ ကင်မရာကို ကြည့်ခိုင်းလိုက်၊ မကြည့်ခိုင်းလိုက် အစရှိသဖြင့် လိုတာတွေပြော၏။
သို့သော်၊ သူ ပုံ၂၀၊ ၃၀လောက် ရိုက်ပြီးသွားတော့၊ ဦးစိတ်တိုဓာတ်ပုံဆရာကြီးရဲ့ ပါးစပ်က တဖြေးဖြေးပိတ်သွားပြီး လူငယ်အား ကြိုက်သလိုနေခိုင်းတော့တယ်။ ပုံကောင်းတစ်ပုံလောက် ရိုက်မိသွားတဲ့အချိန်မျိုးမှာဆို သူက "ကောင်းတယ်!" လို့ ခဏခဏ အော်ဟစ်သေးတယ်။ အချိန်ကြာလာသည့်အမျှ၊ သူ့ဓာတ်ပုံရိုက်နှုန်းက စည်းချက်မှန်မှန်နဲ့ တိုးပွားလာတယ်။
စတူဒီယိုထဲမှာ ဓာတ်ပုံရိုက်ကွင်းသုံးခု ထားပေးထားတာကြောင့်၊ မင်ယွီက ယထာဘူတကျကျ လူအများအပြားရဲ့ ကြည့်ရှုခြင်းခံရ၏။ မူလတုန်းကတော့ ဆယ်ကျော်သက်လေး ဝတ်ဆင်ထားသည့် အဝတ်အစားတွေကို စစချင်း မြင်လိုက်ရတုန်းက မော်ဒယ်တွေနဲ့ဝန်ထမ်းတွေ အံ့အားသင့်ကုန်ကြတယ်။ ဒါက ငယ်ရွယ်မှုလား? အရောင်ရင့်လွန်းတယ်!
YOU ARE READING
ချုံရှန်းချောင်မို ချုံရှန်းချောင်မို
RomanceZawgyi+Unicode MM Trans BL I don't own this Novel! Credit to original Author! Credit to Original Artist from CV