Chapter 001

407 43 2
                                    

Zawgyi

မင်​ယွီတစ်​​ယောက်​ ဆိုးဝါးတဲ့​​ခေါင်းကိုက်​မှု​ကြောင့်​ နိုးလာတယ်​။

သူ့ကို ကုန်​တင်​ကားအကြီးကြီးက တိုက်​လိုက်​ပြီး သူ့ဦး​ခေါင်းတစ်​ခုလုံး အစိတ်​စိတ်​အမွှာမွှာ တက်​ကြိတ်​ခံလိုက်​ရသလိုမျိုး ခံစား​နေရ၏။ သူ့​ဦး​နှောက်​ ဘယ်​ဘက်​ခြမ်းက ​လေးပင့်​​နေပြီး ညာဘက်​ဦး​နှောက်​က စူး​အောင့်​​နေတယ်​။ နှစ်​ဘက်​စလုံးက သူ့အာရုံ​ကြော​တွေကို ဆိုးဝါးဝါးဖြစ်​​​စေ​နေတာ​ကြောင့်​ သူ့ရုတ်​တရက်​ကြီး နိုးသွားရခြင်းဖြစ်​၏။ သူ့ရဲ့​ချွေးစို​နေ​တဲ့ခန္ဓာကိုယ်​ဖြင့်​ ခပ်​မတ်​မတ်​ထထိုင်​မိတယ်​။

သူ့အမြင်​အာရုံ​တွေ ခဏ​လောက်​ မှုန်​ဝါးဝါးဖြစ်​သွား၏။ မင်​ယွီက မျက်​​တောင်​ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​၍ ​ဖြေး​ဖြေးချင်း အာရုံစိုက်​လိုက်​၏။ သူ့အ​ရှေ့က ပစ္စည်း​တွေကိုကြည့်​ပြီး မင်​ယွီရဲ့အပြုံး​​တွေ ​တောင့်​တင်းသွားတယ်​။ အချိန်​အကြာကြီး သူ့အ​ရှေ့က ပိုစတာကြီးကို ​အထက်​​အောက်​​ ဂရုတစိုက်​ကြည့်​မိ၏၊ သူ့မျက်​လုံး​တွေကို​ ​မှေးစင်းလျက်​ ပိုစတာရဲ့ညာဘက်​​အောက်​​ခြေနားက ဟိတ်​ဟန်​ပိုလွန်းတဲ့လက်​မှတ်​ကို ကြည့်​လိုက်​တယ်​။

အာ၊ သူ ဘာမှမသိဘူး။ ဒီပိုစတာထဲက လူကို​ရော၊ လက်​မှတ်​ကို​ရော ဘယ်​တုန်းကမှ မမြင်​ဖူးဘူး။

မင်​ယွီ အခန်းထဲကို​သေ​သေချာချာ ကြည့်​ကြည့်​မှ အဲ့ဒီမဟားတရားမျက်​စိကျိန်းလွန်းတဲ့ အနှီပိုစတာကလွဲပြီး တစ်​ခန်းလုံးက တကယ်​သပ်​ရပ်​သန့်​ရှင်း​နေ၏။ စားပွဲခုံတစ်​လုံး၊ ထိုင်​ခုံတစ်​လုံး၊ တီဗီတစ်​လုံး၊ ဗီရိုတစ်​လုံးနဲ့ ကုတင်​တစ်​လုံးကလွဲလို့ ကျန်​တာဘာမှမရှိဘူး။

မင်​ယွီ သူ့​ခေါင်းကလာသည့်​ နာကျင်​မှုကို ​တောင့်​ခံလျက်​ ကြိုးစားပြီးထ,ရပ်​လိုက်​တယ်​။ သူ ဒီအခန်းထဲက​နေ ဘာသဲလွန်​စများရမလဲလို့ ရှာ​ဖွေကြည့်​ချင်​တယ်​။ ဥပမာ သူဘယ်​သူလဲသိရဖို့်ဆိုရင်​ မှန်​​တစ်​ချပ်​​လောက်​ ရှာ​တွေ့မှဖြစ်​လိမ့်​မယ်​။

ချုံရှန်းချောင်မို Where stories live. Discover now