Chapter 002

129 24 2
                                    

Zawgyi

ဆောင်းဦးရာသီကာလ၌၊ ​ပေကျင်းရဲ့ ရာသီဥတုအ​ခြေအ​နေက ​​​တောက်​ပဖြာလင်း​နေတဲ့ ​ကောင်းကင်​ပြာပြာကြီးရှိ​နေတယ်​။

ကျောင်​​ရွေ့တစ်​​ယောက်​ ပထမ​ပေကျင်း​ဆေးရုံဆီ အ​ပြေးတစ်​ပိုင်း​ရောက်​လာတဲ့အခါမှာ​တော့ မင်​ယွီက သူ့ရဲ့​စစ်​​ဆေးမှုအားလုံး ပြီးသွားပြီဖြစ်​တယ်​။ သူက ​ဆေးကုသမှုဆိုင်​ရာ​ဌာနရဲ့ ​စင်္ကြံလမ်းရှိ ပလက်​စတစ်​ထိုင်​ခုံမှာထိုင်​​နေပြီး ချစ်​စရာသူနာပြု​လေးနှစ်​​ယောက်​နဲ့ ရယ်​ရယ်​​မော​မော စကားလက်​ဆုံကျ​နေတယ်​။

ကျောင်​​ရွေ့က မင်​ယွီကို မြင်​လိုက်​ရတဲ့အခါ သူ မယုံကြည်​နိုင်​​လောက်​​အောင်​ဖြစ်​သွားမိ​ပေမယ့်​ ခဏတွင်းမှာပဲ သူပြန်​လည်​သတိဝင်​သွားတယ်​။ ​ကျောင်​​ရွေ့ အဲ့ဒီကို အ​ပြေးအလွှား​ရောက်​လာ​တော့ ‘အ​ပေါင်းအသင်း​ရောင်းရင်းများစွာနဲ့ လက်​ဆုံစကားဝိုင်း’ ဇာတ်​ဝင်​ခန်းကို သူ မြင်​လိုက်​ရမယ်​လို့ မ​မျှော်​လင့်​ထားဘူး။ သူ ​ဒေါသတကြီး ​အံတင်းတင်းကြိတ်​လျက်​ မင်​ယွီဆီ​ရောက်​သွားပြီး ​မေးလိုက်​တယ်​။ “မင်း ဒီ​နေ့ဘာလို့ ​ဆေးရုံကိုလာတာလဲ?”

ကျောင်​​ရွေ့ကို မြင်​လိုက်​ရ​တော့ ​​ကြင်​နာတတ်​တဲ့သူနာပြုနှစ်​​ယောက်​က မင်​ယွီကို နှုတ်​ဆက်​လမ်းခွဲလိုက်​ကြတယ်​။ ​နောက်​​တော့ မင်​ယွီက သူ့​အေးဂျင့်​ကို လှည့်​ကြည့်​လာတယ်​။ တဖက်​သူက ​ဒေါသအခိုး​ဝေ​နေတဲ့ မျက်​ဝန်းများရှိ​နေပြီး မင်​ယွီလည်​ပင်းကို ကြိုးနဲ့ဆွဲပလိုက်​ချင်​​နေသည့်​ အကြည့်​များဖြင့်​ စိုက်​ကြည့်​လာတယ်​။

မင်​ယွီက တခွိခွိရယ်​လိုက်​ပြီး အပြစ်​ကင်းစင်​တဲ့ရုပ်​က​လေးဖြင့်​ မျက်​​တောင်​ကို ​ပေကလတ်​ ​ပေကလတ်​ခတ်​လိုက်​ပြီး စာရင်းတစ်​ခုကို ​လှမ်း​ပေးလိုက်​တယ်​။ “ကျွန်​​တော်​က ​​​ဆေးရုံမှာ ​ဆေးလာစစ်​တာပါ”

အ​ဖြေက ​ကျောင်​​ရွေ့​မျှော်​လင့်​တာထက်​ ​လုံးလုံးကြီး​ကျော်​လွန်​​နေတယ်​။ မင်​ယွီက ​ဆေးကုသမှုဆိုင်​ရာဌာနမှာပဲ ရှိ​နေတာကို သူသိ၏၊ ဒါ​ပေမဲ့ သူနားမလည်​တာက ဘာလို့ဒီ​ကောင်​​လေး ​ဆေးစစ်​ဖို့လုပ်​တာလဲဆိုတာပင်​။ ​ကျောင်​​ရွေ့က မင်​ယွီရဲ့ ​ဆေးစစ်​ချက်​ စာရွက်​ကိုကြည့်​လိုက်​၏၊ အဲ့ဒီမှာ မည်​သည့်​ပြဿနာမှ မရှိတာ​​သေချာမှ သူ​မေးလိုက်​တယ်​။ “မင်းက ဘာလို့ကိုယ်​ခန္ဓာပိုင်းဆိုင်​ရာ ​ဆေးစစ်​ချက်​လာလုပ်​တာလဲ? ကုမ္ပဏီက ပြီးခဲ့တဲ့လကပဲ ​ဆေးစစ်​​ပေးပြီးပြီ မဟုတ်​လား?” သူတို့​တွေ ​ဆေးရုံအပြင်​ဘက်​ကို ထွက်​လာ​နေရင်းဖြင့်​ စကား​ပြော​နေလိုက်​တယ်​။

ချုံရှန်း​ချောင်​မို  ချုံရှန်းချောင်မို Where stories live. Discover now