Zawgyi
ဟွားရှားရဲ့ ဒုတိယတန်းစားမဂ္ဂဇင်းတွေထဲကမှ တစ်ခုဖြစ်သည့်၊ ဖက်ရှင်အင်တာတိန်းမန့်ကို တည်ထောင်ခဲ့တာ နှစ်ပေါင်းတစ်ရာကျော်လွန်ခဲ့ပြီ။
ဒီကမ္ဘာပေါ်မှာ၊ ဟွားရှားရဲ့ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေးကဏ္ဍတို့က အင်မတန်မှကြီးကြီကျယ်ကျယ်ဖြင့် ဖွံ့ဖြိုးတိုးတက်နေ၏။ လွန်ခဲ့တဲ့နှစ်တစ်ရာ အစောပိုင်းကာလတွေတုန်းက၊ ဟွားရှားက မြောက်များစွာသော ကမ္ဘာ့အဆင့် စူပါစတားများစွာကို မွေးထုတ်လာသည်နှင့်အမျှ တချိန်တည်းမှာ ဖက်ရှင်နယ်ပယ်ကလည်း တပျော်တပါးပင် အရှိန်အဟုန်ပြင်းပြင်း တိုးတက်လာ၏။ ရာစုနှစ်ရဲ့ ဒုတိယနှစ်ဝက်ပိုင်းမှာတင် အဆင့်မြင့် မဂ္ဂဇင်းတွေ၊ ဖက်ရှင်ရှိုးပွဲတွေနဲ့ နိုင်ငံတကာတန်းဝင် နာမည်ကြီးကြီးတွေ ထွက်ပေါ်လာကြပြီး ဟွားရှားကို ဖက်ရှင်လောကရဲ့ ခေါင်းဆောင်ဦးစီး ဖြစ်လာစေခဲ့တယ်။
မင်ယွီက စိတ်ကိုပြင်ဆင်ထားလျက်၊ ဖက်ရှင်အင်တာတိန်းမန့်ရဲ့ စတူဒီယိုကို စောစောစီးစီး ရောက်သွားတယ်။ ဒါက ဒုတိယတန်းစားမဂ္ဂဇင်းပါပဲ၊ သူ့အပေါ်မှာ ထိပ်တန်းမဂ္ဂဇင်းတွေ တပုံကြီးရှိသေးတယ်။ သို့သော်၊ ဒီသီးခြားကမ္ဘာထဲက ဟွားရှားရဲ့အင်အားမှာ ဒုတိယတန်းစားမဂ္ဂဇင်းဆိုတာက သူ့အရင်ဘဝက ပထမတန်းစားမဂ္ဂဇင်းတွေလောက်ရှိတယ်။
အဲ့သလိုကြောင့်ဆိုပေမယ့်လည်း၊ မင်ယွီတစ်ယောက် ကြီးမားကျယ်ဝန်းသောစတူဒီယိုထဲ ဝင်လာတဲ့အထိ သူမှင်တက်မိနေတုန်းပင်။
ဒါက တကယ်ပဲ ဒုတိယတန်းစားဟွားရှား မဂ္ဂဇင်းရဲ့စတူဒီယိုလား?
ကြီးမားတဲ့စတူဒီယိုထဲက များပြားလှတဲ့လူပမာဏကို ငေးကြည့်ပြီးတော့၊ မင်ယွီတစ်ယောက် သူ့အေးဂျင့်ကိုလှည့်မေးလိုက်၏။ "ကျောင်ကော၊ အဲ့မော်ဒယ်တွေရော ဒီနေ့ဓာတ်ပုံရိုက်ကြမယ်ပေါ့... များလွန်းမနေဘူးလား?"
YOU ARE READING
ချုံရှန်းချောင်မို ချုံရှန်းချောင်မို
Lãng mạnZawgyi+Unicode MM Trans BL I don't own this Novel! Credit to original Author! Credit to Original Artist from CV