Chapter 005

85 21 2
                                    

Zawgyi

ကြီးမား​တောက်​ပသည့်​ စတူဒီယိုတွင်​ ပစ္စည်းကိရိယာအစုံအလင်​နှင့်​ ဝန်​ထမ်းများ ဟိုမှဒီမှပျားပန်းခပ်​လှုပ်​ရှား​နေကြ၏။ အရည်​အ​သွေးမြင့်​မားတဲ့ SLR ကင်​မရာက ဓာတ်​ပုံရိုက်​သည့်​အခါတိုင်း တဖျက်​ဖျက်​မြည်​​နေသလို၊ ​မော်​ဒယ်​များကလည်း သူတို့၏ အ​ပြောက်​​မြောက်​ဆုံး​သောပုံရိပ်​​တွေကို ကင်​မရာမှန်​ဘီလူးခုံးထဲ​ဝင်​​အောင်​ ပြသ​နေကြ၏။

လူအုပ်​အလယ်​၌၊ ​မင်​ယွီစကားကို ကြားလိုက်​တဲ့ ​ကျောင်​​ရွေ့ခမျာ အပြစ်​မကင်းသလိုခံစား​နေရတယ်​။ သူ သက်​ပြင်းရှိုက်​ကာ ​ပြောလိုက်​တယ်​၊ "အင်း၊ ငါ မင်းအတွက်​ အင်္ကျီသွားယူ​တော့မှ၊ ဖက်​ရှင်​အင်​တာတိန်းမန့်​ဘက်​က မင်းပုံစံကို ​ပြောင်းဖို့လုပ်​လိုက်​တာကို ငါ သိလိုက်​ရတယ်​"

မင်​ယွီရဲ့မျက်​ဝန်းတို့ ​မှေးကျဉ်းသွား၏၊ "ဘာလဲ လက်​​ထောက်​အယ်​ဒီတာ​ကြောင့်​တဲ့လား?"

"​အေး၊ လက်​​ထောက်​အယ်​ဒီတာက ကျူး​ဝေရည်းစား​လေ. လင်​ကျဲစကား​တွေက တကယ်​မှန်​​နေတာပဲ၊ ကျူး​ဝေက ​အ​ပေါ်ယံ ဟန်​​ဆောင်​ပြ​သွားတာပဲ. တကယ်​က မင်း​စောနက လုပ်​လိုက်​တာ​တွေ​ကြောင့်​ ​သေ​လောက်​​အောင်​ သူ​ဒေါသထွက်​သွားမှာ၊ အဲ့ဒါ​ကြောင့်​ အခုလိုပဲဖြစ်​သွားတယ်​"

ကျောင်​​ရွေ့ ဆက်​မ​ပြော​သေးဘဲ ခဏရပ်​လိုက်​၏။ "ငါ့​ကြောင့်လဲပါတယ်​ မင်​ယွီရာ. ငါက ကုမ္ပဏီမှာအင်​အားသိပ်​မရှိ​တော့၊ မင်းဘက်​ကို အများကြီးကာ​ပေးလို့မရဘူး. အဲ့​ကောင်​​တွေက မင်းကို ရိုးရိုးစတိုင်​ကြီးနဲ့ ရိုက်​​စေချင်​​နေတာကွ၊ ​​တော်​​တော်​တရားလွန်​သွားပြီ.မင်းအင်္ကျီကို ပြန်​လဲ​ပေးမလားလို့ သူတို့နဲ့ငါသွား,ညှိကြည့်​မယ်​"

မင်​ယွီက ​ကျောင်​​ရွေ့လက်​ထဲက အဝတ်​အစား​တွေကို ကြည့်​လိုက်​၏။ သူ မ​ပြောခင်​ ခဏ​လောက်​စဉ်းစားလိုက်​၏၊ "​ကျောင်​​ကော၊ ဒီကိစ္စက ကျွန်​​တော့်​​ကြောင့်​ ဖြစ်​ရတာပါ. ကျွန်​​တော့်​အမှားပဲမို့၊ စိတ်​ထဲထားမ​နေပါနဲ့. ပြီး​တော့လည်း ကျွန်​​တော်​ထင်​တယ်​ ဒီစတိုင်​က အ​တော်​​ကောင်း​နေတာ"

ချုံရှန်းချောင်မို Where stories live. Discover now