Chapter 007

189 34 3
                                    

Zawgyi

ကျောင်​​ရွေ့က ​ဖေးတာ့ရှီက 'တ​ခေတ်တခါက ​ဟွားရှားထိပ်​တန်းမဂ္ဂဇင်းတစ်​အုပ်​မှာ ဓာတ်​ပုံဆရာလုပ်​ခဲ့တာ' ကစပြီး မင်​ယွီကို ​ပြောပြ​ပေးတယ်​။ သူတို့နှစ်​​ယောက်​ ​စကား​ပြော​နေတုန်းမှာ အသံတစ်​သံက ရုတ်​တရက်​ကြားဖြတ်​လာတယ်​။ "အာ၊ မင်းက အဲ့ဒါကို​တောင်​ မှတ်​မိ​သေးတာလား? ငါ အဲ့တုန်းကရိုက်​ခဲ့တဲ့ ဂရုဖိုတို​တွေ​တောင်​ ငါ​မေ့ကုန်​ပြီ"

မင်​ယွီနဲ့​ကျောင်​​ရွေ့ သူတို့နှစ်​​ယောက်​က အ​နောက်​ကို လှည့်​လိုက်​တယ်​။ ​ဖေးတာ့ရှီတစ်​​ယောက်​ ဘယ်​ချိန်​ကတည်းက ​ရောက်​​နေလဲ​တော့မသိဘူး၊ ဒါ​ပေမယ့်​ သူတို့​ပြော​နေတာ​တွေ နား​ထောင်​ပြီး ​သူက ​ကျောင်​​ရွေ့အ​နောက်​က ထွက်​လာကာ စကားဝိုင်းထဲ ဝင်​​ရောက်​လာတယ်​​။

အဲ့အချိန်​မှာ​တော့၊ စတူဒီယိုတစ်​ခုလုံးက နဂိုအတိုင်း ပြန်​လည်​စည်းချက်​ညီသွား​၏။ ကျူး​ဝေက အစတုန်းက​တော့ တစ်​ခုခု​ပြောချင်​​နေတာပင်​၊ ဒါ​ပေမယ့်​ ​ဖေးတာ့ရှီက မင်​ယွီဆီတန်းတန်းမတ်​မတ်​ ​လျှောက်​သွားတာကို သူမြင်​လိုက်​ရ​တော့ သူ့နှုတ်​ခမ်းသူ ကိုက်​ပြီး အ​ဝေးကိုထွက်​သွား​တော့တယ်​။

အရင်​ဘဝတုန်းက၊ ကမ္ဘာ​​တစ်​ဝန်းက ဓာတ်​ပုံဆရာကြီးများစွာကို မင်​ယွီ မြင်​ခဲ့ဖူးတယ်​။ သူတို့ထဲက အများစုက ဥ​ရောပနဲ့အ​မေရိကက ဖြစ်​ပြီး​တော့၊ တရုတ်​လူမျိုးက အနည်းငယ်​​လောက်​သာရှိ၏။ ဒီဘဝမှာ​တော့၊ ဟွားရှားက ကြီးကြီးကျယ်​ကျယ်​ ဖွံ့ဖြိုးတိုးတက်​​နေ၏။ ​ကျောင်​​ရွေ့​ပြောစကားအရ၊ ​ဖေးတာ့ရှီက ဥ​ရောပနဲ့အ​မေရိကဓာတ်​ပုံဆရာများစွာကို စီစီညက်​ညက်​ဖိ​ခြေပစ်​ပြီး ကမ္ဘာ့ထိပ်​တန်း အဆင့်​၁၀အတွင်းကို ​အောင်​​အောင်​မြင်​မြင်​ ဝင်​​ရောက်​ခဲ့တယ်​။

ဒီလို​အောင်​မြင်​​ကျော်​ကြားတဲ့ ဓာတ်​ပုံဆရာတစ်​​ယောက်​က ​ရင်းနှီးလွယ်​တဲ့စရိုက်​မျိုးရှိတယ်​တဲ့လား?

မင်​ယွီက ပြုံးလိုက်​ပြီး ခပ်​သာသာ​ခေါင်းငြိမ့်​ပြလိုက်​ပြီး၊ ယဉ်​ယဉ်​​ကျေး​ကျေး စကား​ပြောလိုက်​တယ်​။ "မင်္ဂလာပါ ​ဖေးတာ့ရှီ"

You've reached the end of published parts.

⏰ Last updated: Apr 20, 2023 ⏰

Add this story to your Library to get notified about new parts!

ချုံရှန်း​ချောင်​မို  ချုံရှန်းချောင်မို Where stories live. Discover now