P

1.3K 104 11
                                        

အနောက်အရပ်စူးစူးကို နေဝင်တော့မဲ့အချိန်မှာ ရှောင်းကျန့်စပန်နိုမြို့လေးထဲက ဗာလန်တက္ကသိုလ်ဝန်းထဲကိုရောက်ပြီ။တက္ကသိုလ်ရဲ့ ဝန်းကကျယ်လွန်းတာမို့ ကျောင်းသားဆောင်ရှာဖို့ရာသူ့အတွက်အခက်အခဲဖြစ်လို့နေတယ်။ဘတ်စကတ်ဘောကွင်းမှာ မားမားသူငယ်ချင်းဖြစ်သူရဲ့သားနဲ့ချိန်းထားတာကြောင့် ကျောင်းသားဆောင်ရှာဖို့ကအဓိကမဟုတ်ဘူး။ဘတ်စကတ်ဘောကွင်းရဲ့တည်‌နေရာကိုရှာဖို့သူအရင်ပြင်ရတယ်။ဓာတ်ပုံထဲမှာပဲမြင်ဖူးတာမို့ ရှောင်းကျန့်မှာ နှစ်ဆအခက်တွေ့ရပါတယ်။

နွေဦးမို့ထင်ရဲ့သူ‌လျှောက်လာတဲ့ လမ်းတစ်လျှောက်သစ်ပင်တန်းကသစ်ပင်တွေမှာ အစိမ်းရောင်နုနုရွက်နုကလေးတွေဝေလို့နေတယ်။အညိုရောင်ခုံတန်းရှည်တွေ လမ်းမီးတိုင်လေးတွေကိုလည်း လမ်းတစ်လျှောက်တွေ့ခဲ့ရသေးတယ်။

တောင်ပေါ်မြို့လေးကနေ ပြောင်းလာရတဲ့သူမို့ စပန်နိုမြို့ရဲ့ ပူနွေးနွေးရာသီဥတုနဲ့လည်း ရှောင်းကျန့်မှာအသားမကျလှပါဘူး။တစ်ချက်ချက်ဝေ့ဝဲတိုက်ခတ်လာတဲ့လေဟာလည်း ပူနွေးနွေးနဲ့။

" ကျောင်းသား ဘတ်စကတ်ဘောကွင်းကဘယ်နားမှာလဲ။အဆင်ပြေရင်ကျွန်တော့်ကို လမ်းညွှန်ပေးလို့ရမလားဗျ။"

တက္ကသိုလ်ဝန်းကျယ်ကျယ်ထဲမှာ လမ်းပျောက်နေသလိုခံစားလာရတာမို့ သူ့ရှေ့ကဖြတ်သွားဖို့ပြင်နေတဲ့ကျောင်းသားတစ်ဦးကိုအကူညီတောင်းလိုက်တယ်။အရှေ့တိုင်းသားမို့
ရှောင်းကျန့်ရဲ့အင်္ဂလိပ်သံကခပ်ဝဲဝဲနဲ့။

" တည့်တည့်သွားပြီးဘယ်ချိုးလိုက်ရင်ရောက်ပြီ။"

" ကျေးဇူးပါ။"

တည်နေရာကိုသိပြီမို့ ရှောင်းကျန့်ကဖုန်းထဲမှာသိမ်းထားတဲ့ ဓာတ်ပုံကိုကြည့်ရတော့တယ်။ဒီပုံက ဝမ်အားရီပို့ပေးလာတဲ့ပုံပါ‌။ငွေမှင်ရောင်ဆံပင်တွေရှိတဲ့ ကပြားကောင်လေး။ရှောင်းကျန့်ထက်၁နှစ်ကျော်ငယ်တယ်လို့လည်း သိထားတယ်။

ဘတ်စကတ်ဘောကွင်းကိုရောက်တော့ လူငယ်အုပ်စုက အပေးယူယူမျှမျှဆော့နေတာကိုသူတွေ့ရတယ်။ရှောင်းကျန့်က အားကစားတွေနဲ့မရင်းနှီးပါဘူး။သူကစာအုပ်ဖတ်ရင်ဖတ် မဖတ်ရင်ပန်းချီဆွဲနေတတ်တဲ့သူမို့ သူရပ်ဝန်းဟာ တိတ်ဆိတ်နေတာများတယ်။ခရီးဆောင်အိတ်၂အိတ်နဲ့လွယ်ထားတဲ့လွယ်အိတ်ရဲ့အလေးချိန်ကလည်းမသေးလှဘူး။သူကတော့ အတောင့်လိုက်ကြီးသာရပ်ကြည့်နေမိတယ်။ငွေမှင်ရောင်ဆံပင်တွေရှိတဲ့ ကပြားကောင်လေးကိုအဝေးကကြည့်ရင်တောင်ရှောင်းကျန့်မြင်ရပါတယ်။လူအများကြီးကြားထဲမှာတောင် သူကသိသိသာသာထင်းထွက်လို့နေတယ်။ဝမ်အားရီက သူ့သားချောကြောင်း ကြည့်ကောင်းကြောင့် အမြဲပြောနေတတ်တာအလွန်မဟုတ်မှန်း ကိုယ်တိုင်မြင်ရတဲ့အခါ ရှောင်းကျန့်လည်းလက်ခံလိုက်ရတယ်။

Perfect match ♡/.Where stories live. Discover now