တစ်နေကုန်အတန်းချိန်တွေနဲ့လုံးပန်းပြီးနောက်မှာ ရှောင်းကျန့်အတော်ပင်ပန်းနေပြီ။နာရီဝက်ပဲအနားရတာကြောင့် သူကန်တင်းကိုလည်းမသွားဖြစ်ဘူး။မနေ့ကညဝယ်လာတဲ့ ပေါင်မုန့်နဲ့နို့အေးကိုပဲစားထားရတယ်။ဗိုက်ဆာတယ်လို့လည်းသူမခံစားရဘူး။ကုတင်ပေါ်မှာခွေခေါက်ပြီး အိပ်လိုက်ချင်နေပြီ။ရာသီဥတုက တအားပူပါတယ်။ရှောင်းကျန့်ကချွေးတွေထွက်လာရင် စိတ်ပါမလန်းတော့ဘူး။ငြီးစီစီနဲ့။
လီယိုဝမ်ကသူ့ကိုဖုန်းဆက်ခိုင်းထားပေမဲ့ ရှောင်းကျန့်မှာ ဖုန်းနံပါတ်မရှိတာရော အမြဲသူများကိုပဲအားကိုးနေလို့မရတာရောကြောင့် မှတ်ထားတဲ့လိုကေးရှင်းအတိုင်းသာ အဆောင်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ဒါကခက်ခဲတဲ့ကိစ္စမှမဟုတ်တာသူကဘာလို့မလုပ်နိုင်ရမှာလဲ။ ငါးနာရီမထိုးခင်သူအဆောင်ကို ပြန်ရောက်စေရမယ်။
နေဝင်ချိန်မို့ထင်ရဲ့ ကောင်းကင်တစ်ခွင်ဟာ လိမ္မော်နီရောင်နဲ့ ပန်းရောင်ရင့်ရင့် ရောပြီးယှက်သန်းလို့နေတယ်။ရှောင်းကျန့်က သဘာဝတရားကိုအလွန်သဘောကျတဲ့သူဖြစ်တယ်။သူကတိမ်တွေကိုသဘောကျတယ်။တိုက်ခတ်လာတဲ့ လေနုအေးအေးကြောင့် သစ်ပင်ပန်းပင်တွေယိမ်းနွဲ့လှုပ်ရှားသွားဝာာကို ကြည့်ရတာကြိုက်တယ်။လျှောက်လမ်းမကြီးဘေးက ဘောင်တန်းတွေမှာ အဖြူရောင် cosmosပန်းတွေ ပွင့်လို့နေတယ်။လေတစ်ချက်တိုက်ခတ်သွားတိုင်းမှာ ပန်းပွင့်ဖြူဖြူတွေရဲ့ရိုးတံစိမ်းတွေက ယိမ်းနွဲ့လို့။
" ဟား ရှောင်းကျန့်ဖုန်းဆက်လို့ပြောထားတာကိုဗျာ။ လမ်းပျောက်နေပြီထင်တာ။"
ပန်းပွင့်ဖြူဖြူတွေကိုရှောင်းကျန့် ဓာတ်ပုံရိုက်နေချိန်မှာ လီယိုဝမ်က အမောတကောနဲ့ ရောက်လို့လာတယ်။လက်နှစ်ဖက်ကို ဒူးပေါ်တင်လို့ အမောဖြေနေတဲ့ လီယိုဝမ်ကို လွယ်အိတ်ထဲကနေ ရေဘူးထုတ်ပြီး ပေးလိုက်ဝောာ့ ခေါင်းမော့ကြည့်လာတယ်။
" ရေကသန့်ပါတယ်။ကောတစ်ငုံပဲသောက်ရသေးတာ။ပြီးဝောာ့ မော့သောက်ထားတာ။ရွံတတ်တာလားဟင်။ နောက်ပြီးလီယိုဝမ်ရဲ့ဖုန်းနံပါတ်ကကောဆီမှာမရှိလို့။"
