မီနီမားကတ်ရဲ့ အပြင်ဘက်မှာ မီးခိုးခေါင်းတိုင်ကြီးလိုတောင်ဖြစ်လို့နေပြီ။
မြေကြီးပေါ်မှာလည်း ဆေးလိပ်ဖင်စည်ခံတွေက ဟိုတစ်စဒီတစ်စနဲ့ အလိပ်ပေါင်းမနည်းဘူး။လီယိုဝမ်က ရုတ်တရက်ကြီး ရှောင်းကျန့်ဘက်ကို ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်တော့
ရှောင်ချိန်မရတာလိုက်တာကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးလာတာ မျက်ရည်ဝဲတဲ့အထိပဲ။ဆေးလိပ်ငွေ့တွေကြောင့် ရှောင်းကျန့်ရဲ့မြင်ကွင်းကဝေဝေဝါးဝါးဖြစ်နေပေမဲ့ လီယိုဝမ်ရဲ့နှုတ်ခမ်းတွေတွန့်ကွေးသွားတာကိုတော့ သူသေချာမြင်လိုက်ပါတယ်။ပြီးတော့ဩရှရှအသံနဲ့ပြောလာတယ်။" ကျွန်တော်က ဆန့်ကျင်ဘက်လိင်တွေပေါ်မှာစိတ်ဝင်စားမှုမရှိဘူး။"
" အင်း။ဒါကပြဿနာမှမဟုတ်တာ။"
" ပြီးတော့တရုတ်နာမည်ကဝမ်ရိပေါ်။"
" အားရီဝမ်ပြောပြထားလို့ ကောသိပါတယ်။"
" ပြီးတော့ကျွန်တော်က ရည်းစားရှုပ်တဲ့သူမဟုတ်ဘူး။"
" ဟုတ်ပါပြီ။"
ဝမ်ရိပေါ်ကသူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်ပေမဲ့ ရှောင်းကျန့်ကတော့ သာမာန်လိုပါပဲ။ဘာမှစိတ်ထဲရှိပုံမရဘူး။အနက်ရောင်မျက်မှန်ကိုင်းအောက်က အရည်လဲ့နေတဲ့မျက်ဝန်းညိုတွေကလည်း
ကြည်စင်လို့။" ဘာမှမခံစားရဘူးလား။"
" ဟင့်အင်း။လူတိုင်းကသူ့ဖြစ်တည်မှုနဲ့သူ သူ့ဘဝနဲ့သူလေ ကောတို့မှာဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး။လွတ်လွတ်လပ်လပ်ရွေးချယ်လို့ရတယ်။
ဒါကြောင့်ဘာမှမခံစားရဘူး။"ပထမဆုံးသူ့ရဲ့တိမ်းညွတ်မှုကို အိမ်ကိုထုတ်ပြောတုန်းကတောင် ဒီလောက်နွေးထွေးတဲ့စကားမျိုးသူမကြားခဲ့ရဘူး။အခုရှောင်းကျန့်ကတော့ လွတ်လပ်ခွင့်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဒါကပြဿနာမှမဟုတ်ဘဲဆိုပြီး ပြောသွားတယ်။ရိပေါ်ကတော့ စိတ်အခြေအနေကောင်းလာသလိုခံစားရတယ်။
" တစ်ခုလောက်မေးလို့ရမလား။ဟိုကောက စပ်စုတာမဟုတ်ပါဘူး။ဒီအတိုင်းသိချင်လို့။"