အတန်းတက်နေရတာမို့ ရှောင်းကျန့်ကဖုန်းကို silentလုပ်ထားခဲ့တာ။အတန်းလဲပြီးဖုန်းလည်းဖွင့်ရော ဝမ်ရိပေါ်ရဲ့ miss callတွေကရဲရဲနီနေတာပဲ။ရှောင်းကျန့်ပြန်ခေါ်တော့လည်း ဖုန်းမကိုင်ဘူး။ရှောင်းကျန့်ကအတွေးများတဲ့သူမို့လျှောက်တွေးမိပြီး စိတ်ပူလာပြီ။
" ဟဲ့ လီယိုဝမ်က ဗိသုကာမေဂျာဆောင်ဘက် ဘာလာလုပ်တာလဲ။"
" ဒီခန္ဓာကိုယ် ဒီရုပ်ရည် ဒီအရပ် တက်သာနင်းသွားပါတော့လားဟယ်။"
" အားး သူဒီဘက်လျှောက်လာနေပြီ။"
ဟိုတစ်ခုဒီတစ်စုနဲ့ လူတွေကများနေတယ်။ရှောင်းကျန့်က သူ့အပူနဲ့သူမို့ လူတွေများနေတဲ့ကြားက တိုးထွက်ဖို့ကိုသာ စိတ်များနေတယ်။
" နည်းနည်းလောက်ဖယ်ပေးပါလား။"
မေဂျာဆောင်ရဲ့ဝင်ပေါက်ထွက်ပေါ်မှာ ဘာလို့ပိတ်ရပ်နေလဲ သူလည်းမသိပါဘူး။လီယိုဝမ်ကိုဖုန်းဆက်နေတာလည်း သုံးခါလောက်ရှိပြီ ဒါကိုလည်းမကိုင်သေးဘူး။ဒီနေ့က ဆိုင်ကယ်ပြိုင်ကွင်းသွားရမဲ့ရက်မှန်း ရှောင်းကျန့်မှတ်မိနေပါတယ်။တကယ်တော့ မနေကသွားရမှာဆိုပေမဲ့ ရှောင်းကျန့်ကိုလာခေါ်လိုက်ရလို့ မသွားဖြစ်ခဲ့ဘူး။ဒါကြောင့်ဒီနေ့ပြန်ချိန်းကြတာ။ပြီးတော့သူတို့ဒီနေ့ ပန်ကာသွားဝယ်ဖို့လဲပြောထားသေးတယ်။လီယိုဝမ်က သမ္မတထက်တောင်အလုပ်များပုံရပါတယ်။သူ့ကြည့်လိုက်ရင် ဘယ်တော့မှအားတယ်မရှိဘူး။ အချိန်ဇယားတွေပြည့်နေတယ်။
" ဟို နည်းနည်းလောက်ဘေးဖယ်ပေးပါလား။"
" အမနည်းနည်းလောက်ဖယ်ပေးပါဦး။"
" ရှောင်းကျန့်ဒီကိုလာ။"
ရှောင်းကျန့်နှစ်ခါတောင် ပြောပေမဲ့ တုတ်တုတ်တောင်မလှုပ်တဲ့ အုပ်စုကြီးက လီယိုဝမ်ပြောတော့ချက်ချင်းဘေးကိုရှဲသွားကြတယ်။ရှောင်းကျန့်ကဝောာ့ ဟွန့်ခနဲနှာခေါင်းရှုံ့မိတာပါပဲ။
လီယိုဝမ်က လက်ကမ်းပေးထားပေမဲ့ သူကမကိုင်ဘဲကျော်သွားလိုက်တယ်။ဖုန်းမကိုင်တဲ့သူတွေနဲ့ စကားမပြောချင်ပါဘူး။လူကိုစိတ်ပူအောင်လုပ်ဝာယ်။
