C

699 89 20
                                        

ရှောင်းကျန့်က ရိပေါ်ကို‌ရှောင်နေတယ်။နေ့လည်စာလည်းအတူမစားဘူး။အဆောင်ကိုလည်းအရင်လို အတူတူမပြန်တော့ဘူး။ရှောင်းကျန့်နောက်မှာတော့ ရိပေါ်ကအရိပ်လိုကပ်ပါနေတယ်။ရှောင်းကျန့်ခြေလှမ်းတစ်လှမ်းလှမ်းရင်သူလည်းလှမ်းတယ်။ရှောင်းကျန့်ရပ်ရင် သူလည်းရပ်လိုက်တယ်။နိစ္စဒူဝလျှောက်လှမ်းနေတဲ့ လမ်းမတွေထက်မှာ သူနဲ့ရှောင်းကျန့်ရဲ့ခြေရာတွေက ရှေ့ဆင့်နောက်ဆင့်ဖြစ်လို့နေခဲ့တယ်။

" အဲ့ဘက်လမ်းမဟုတ်ဘူး။"

ရှေ့ဆက်မလို့ပြင်နေတဲ့ခြေထောက်ကို ရှောင်းကျန့်ပြန်ဆုတ်လိုက်တယ်။ရှောင်းကျန့်ရဲ့ တန့်ခနဲရပ်သွားတဲ့ပုံစံကြောင့်ထင်ပါတယ်။လီယိုဝမ်ရီလာတယ်။

" ဒီနေ့ဘာစားမလဲရှောင်းကျန့်။"

" ဘယ်သိမှာ။"

လီယိုဝမ်က ရှောင်းကျန့်အနောက်ကနေ ဖြေးဖြေးမှန်မှန်ခြေလှမ်းတွေနဲ့လျှောက်လာနေတယ်။ရှောင်းကျန့်မြန်ရင်သူလည်းမြန်လာလိမ့်မယ်။ရှောင်းကျန့်ကရပ်လိုက်ရင်သူလည်းလိုက်ရပ်လိမ့်မယ်။ဒီလိုဖြစ်နေတာ သုံးရက်လောက်ရှိပြီ။

လီယိုဝမ်က ဖွင့်ပြောထားတဲ့သူဆိုပေမဲ့ အနေခက်ပုံမရပါဘူး။ရှောင်းကျန့်ကသာ လီယိုဝမ်ကိုမြင်တာနဲ့ ပြန်သဘောကျလိုက်ရမလား ဒါမှမဟုတ်ငြင်းရမလားဆိုပြီးတွေးနေမိတာ။တစ်ယောက်နဲ့တစ်ယောက်ချစ်မိဖို့က အချိန်၂၈စက္ကန့်ပဲကြာတယ်ဆိုတဲ့စကားကို သူကြားဖူးတာမို့ လီယိုဝမ်ပြောသလို ချစ်တဲ့စိတ်ကို အချိန်နဲ့တိုင်းတာလို့ မရနိုင်ဘူး။သူကလူနှစ်ယောက်ခဏခဏတွေ့ပြီး သံယောဇဉ်တွယ်ရာကနေ ချစ်မိသွားတဲ့ပုံစံကိုပိုသဘောကျတယ်။အချိန်တွေအကြာကြီးသူရောလီယိုဝမ်ရောက အတူတူရှိခဲ့ကြတယ်။အမှတ်တရတွေလည်းများတယ်။သံယောဇဉ်တွေလည်းများတယ်။သူကအခြေအနေတစ်ခုကြောင့် မမှတ်မိပေမဲ့ပေါ့။

" ပီဇာစားမလား။ပီဇာပဲစားကြမယ်ဒီနေ့။"

" အင်း ပီဇာစားကြမယ်။"

လီယိုဝမ်ဦးဆောင်မှုနဲ့ ဒီနေ့ရဲ့ညစာကတော့ ပီဇာဖြစ်သွားတယ်။

Perfect match ♡/.Where stories live. Discover now