စိတ်လှုပ်ရှားနေတာမို့ သူအသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်တယ်။ဘေးနားမှာမတ်တတ်ရပ်နေတဲ့ အီဘန်ကတော့ ပုခုံးကိုပုတ်လို့ ပြောရှာတယ်။
" မင်းလုပ်နိုင်မှာ85။ပြေးလမ်းမထက်မှာမင်းလောက်ဆရာကျတဲ့လူကိုမတွေ့ဖူးဘူး။နတ်ဘုရားပဲ။"
ရိပေါ်ခေါင်းကိုတဆတ်ဆတ်ငြိမ့်လို့သာတုန့်ပြန်လိုက်တယ်။သူစိတ်လှုပ်ရှားနေတာ။သူ့ကိုယ်သူဘာမှမဟုတ်ဘူးလို့ထင်ထားပေမဲ့ ကွင်းထဲကနေရာတော်တော်များများမှာ သူ့fanတွေရောက်နေကြောင်း အကိုဟန်နရီကသတင်းပို့လာတယ်။သူကလိုးကီးနေတဲ့သူပါ။IGကိုတောင် ဆိုင်ကယ်တွေ စကိတ်ဘုတ်တွေအကြောင်းကလွဲရင်တင်တာမဟုတ်ဘူး။အပျော်တမ်းအသေးစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးပေမဲ့သူ့ကိုယ်သူ ဒီလောက်ကြီးလို့တော့ထင်မထားဘူး။ကွင်းထဲက အစိမ်းရောင် bannerတွေနဲ့အတူ Tracer-85ဆိုတာတွေပြည့်လို့နေတယ်။ကွင်းတစ်ခုလုံးနီးပါး
စိမ်းနေတာပဲ။" IGရောဝင်ကြည့်ဖြစ်ရဲ့လား။"
" တစ်လလောက်ရှိပြီမဝင်ဖြစ်တာ။"
ရိပေါ်ကဆိုရှယ်မီဒီယာသိပ်သုံးတဲ့သူမျိုးမဟုတ်ဘူး။သူကလုပ်စရာမရှိလို့ပျင်းတဲ့အခါ စပန်နိုမြို့ရဲ့ လမ်းမတွေထက်မှာ အရှိန်အပြည့်နဲ့ဆိုင်ကယ်စီးရင်း ပူနွေးနွေးလေထုထဲတိုးဝင်နေရင်လည်း နေလိမ့်မယ်။ဒါမှမဟုတ်ဂိမ်းဆော့ချင်လည်းဆော့နေမှာ။အခုတော့သူ့ရဲ့မြတ်နိုးမဝလေးကို တစိမ့်စိမ့်ကြည့်ရင်းအနာဂတ်အကြောင်း အတွေးများရင်လည်းများ နေလိမ့်မယ်။
" IGမဝင်ဘဲအရှေ့တိုင်းသားလေးနဲ့ကျတော့ဘယ်မှာပြောလဲ။"
" WeChatမှာပြောတာပေါ့။မဟုတ်ရင်ဖုန်းဆက်တယ်။အဆောင်တူတဲ့အပြင် အခန်းပါတူတဲ့ဟာကို ဆက်သွယ်ဖို့ကအဲ့လောက်မခက်ပါဘူးဗျာ။"
အစောတုန်းကစိတ်လှုပ်ရှားမှုတွေက ဘယ်ကိုရောက်သွားလဲမသိဘူး။ရှောင်းကျန့်အကြောင်းများပြောရမယ်ဆို ရိပေါ်မှာအကုန်မေ့။သူ့ဟာသူမေ့မသွားတာတောင် ကံကောင်းတယ်ပြောရမယ်။
[ " လီယိုဝမ် ကောအတန်းချိန်ပျက်ပြီးမင်းဆီလာခဲ့မယ်။မင်းပို့ထားတဲ့လိုကေးရှင်းအတိုင်းလာခဲ့မှာမို့ စိတ်မပူနဲ့နော်။ကြိုးစားထား။"]
