မနက်ပိုင်းအတန်းချိန်မရှိတဲ့ရှောင်းကျန့်က ဒီနေ့နောက်ကျတဲ့အထိအိပ်မယ်လို့ တွေးထားပေမဲ့အကျင့်ပါနေတဲ့ မျက်လုံးတွေကြောင့် ၇နာရီကွက်တိမှာ နိုးလာတယ်။သူချက်ချင်းမထသေးဘဲ ဗီဒိုရှေ့မှာရပ်နေတဲ့ လီယိုဝမ်ကိုကြည့်နေမိတယ်။သဘာဝအတိုင်းဖြစ်နေတဲ့ ငွေမှင်ရောင်ဆံပင်တွေကအသားဖြူတဲ့ လီယိုဝမ်နဲ့လိုက်ဖက်လွန်းတယ်။မားမားကပြောဖူးတယ် လီယိုဝမ်နဲ့သူနဲ့က ငယ်ငယ်ကတအားရင်းနှီးခဲ့တာတဲ့။ရှောင်းကျန့်ကတော့ ရေးရေးလေးဝောာင်မှတ်မိမနေပါဘူး။လီယိုဝမ်ကသူ့ကိုတအားစလွန်းလို့ သူကရှောင်နေတတ်ပေမဲ့သူ့ကိုမြင်တာနဲ့စဖို့သာစိတ်အားထက်သန်ခဲ့ပုံရတယ်။မားမားပြောပြတဲ့ ငယ်ဘဝထဲမှာ လီယိုဝမ်ကစလို့ ရှောင်းကျန့်ကစိတ်ဆိုးလိုက်ချိုချဉ်တစ်လုံးနဲ့ ပြန်ချော့လို့ အဆင်ပြေသွားလိုက်နဲ့ ဒီသံသရာထဲမှာပဲ ဝဲဝဲလည်နေခဲ့တယ်။" နိုးရင်လည်းထတော့ရှောင်းကျန့်။မနက်စာစားဖို့ပြင်ပေးထားတယ်။"
" ဟင်။"
အိပ်ချင်မူးတူးရုပ်နဲ့ အူလည်လည်လာကြည့်နေ သူဆီကိုရိပေါ်သွားပြီး
ခေါင်းလုံးလုံးလေးကိုဆွဲဖွလိုက်တယ်။ရှောင်းကျန့်ကအခုထိသူ့ကို ပြူးကြောင်ကြောင်နဲ့ကြည့်နေတုန်းပဲ။" ဟေး ရှောင်းကျန့်ကျွန်တော်ပြောတာ ကြားလား။"
" ဟင် အင်း။"
အိပ်ချင်မူးတူးနဲ့ ထွက်လာတဲ့ ရှောင်းကျန့်ရဲ့အသံက သေးသေးလေးရယ်။
" ထတော့။"
" အိပ်ယာသိမ်းရမယ်။"
" ကျွန်တော်သိမ်းပေးထားမယ်။"
ရှောင်းကျန့်က စည်းစနစ်ကျတဲ့သူပါ။အခန်းရှုပ်ပွနေရင်မကြိုက်သလို ပစ္စည်းတွေကသူ့နေရာနဲ့သူရှိမနေရင်လည်း စိတ်အလိုမကျဘူး။ဒါကိုဝမ်ရိပေါ်ကကောင်းကောင်းသိတာမို့ ရှောင်းကျန့်ရောက်မလာခင်တစ်ရက်လောက်အလိုမှာ အခန်းရှင်းထားရဝာာ။ရှောင်းကျန့်ကသူ့စတိုင်မဟုတ်ဘူးဆိုတာဒါတွေကိုပြောတာ။အနေအေးတယ်။ဇီဇာကြောင်တယ်။
" လီယိုဝမ် ခေါင်းအုံးကို အလယ်မှာထားရမှာ။ဘေးထောင့်မှာမဟုတ်ဘူး။"