ဒီရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ အငြင်းပွားမှုတွေဖြစ်နေတယ်။တခြားတော့မဟုတ်ဘူး လီယိုဝမ်က ရှောင်းကျန့်ကို ပါ့ပလစ်မှာဖွင့်ပြောလိုက်တဲ့ကိစ္စကြောင့်ပဲ။ကွင်းထဲက မီဒီယာတွေဆီရောက်သွားတဲ့နောက်မှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ချဲ့ကားရေးတော့ ဂျပိုးကနေလိပ်ဖြစ်ကုန်တယ်။
" ဘေဘီ ပေါ်ပေါ်ရော။"
" ဆိုင်ကယ်ကလပ်က အကိုတွေနဲ့ ပွဲရှိလို့
သွားတယ်အားရီ။"ဝမ်ရိပေါ်က အမေတူသားလေးဖြစ်ပုံရတယ်။မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ အားရီဝမ်ကတအားချောတာ။
" ဘေဘီသတင်းတွေကြောင့် စိတ်ရှုပ်နေလား။မျက်နှာလေးညှိုးနေတယ်။
" နည်းနည်း။"
ရှောင်းကျန့်မှာ ဒီရက်ပိုင်းအတွင်းပြောင်းလည်းသွားတဲ့ အခြေအနေတွေကြောင့် ဖိအားတွေတအားများတယ်။တက်ရတဲ့အတန်းချိန်တွေ လုပ်ရတဲ့စာတွေတအားများလို့ စိတ်ဖိစီးကတစ်မျိုးနဲ့။ညဘက်တွေလန့်လန့်နိုးလို့ရှောင်းကျန့်မှာ အိပ်ရေးပျက်တဲ့ရက်တွေများပြီ။
" မျက်ကွင်းတွေလည်းညိုလို့။ပေါ်ပေါ်ကဂရုမစိုက်ဘူးလား။နေဦးအားရီနောက်မှ ဒီကောင်လေးကိုဆူဦးမယ်။"
" လီယိုဝမ်က ဂရုစိုက်ပါတယ်အားရီရဲ့။"
" စောစောအိပ်ဘေဘီ။ပေါ်ပေါ်ပြန်လာတာကိုစောင့်မနေနဲ့။"
" ဟုတ်ကဲ့။"
အားရီဝမ်ဖုန်းချသွားတော့ ရှောင်းကျန့်စာဆက်လုပ်ဖို့အပြင်ရတယ်။အချိန်က ၁၀နာရီခွဲနေပြီ။အဆော်တံခါးပိတ်ဖို့ နာရီဝက်ပဲလိုတော့တာ။
[ လီယိုဝမ် ပြန်လာနေပြီလား။]
[ အဆောင်ရှေ့ရောက်ပါပြီခင်ဗျာ။]
လီယိုဝမ်ကချက်ချင်းစာပြန်လာတယ်။ရှောင်းကျန့်ကတော့ ဘာရယ်မဟုတ်ဘူးပြုံးမိသွားတာပါပဲ။
" နေမကောင်းဘူးလားမောင့်အချစ်လေးဟင်။"
" ဟင့်အင်း။ကောင်းပါတယ်။"
လီယိုဝမ်က မတ်တတ်ရပ်လျက်အနေအထားမှာပဲ ရှောင်းကျန့်ကိုဆွဲဖက်တယ်။သူကတော့ ဗိုက်သားချပ်ချပ်ပေါ်မှာ မျက်နှာအပ်ရင်းပွတ်သပ်မိနေဝာာပဲ။