ကျွန်တော့်နာမည်ကတော့နေလင်းရောင်ပါ။ကျွန်တော်ကk-popလောကမှာpoppyဆိုတဲ့နာမည်နှင့်ကျော်ကြားနေတဲ့k-pop singerတဦးပါ။ကျွန်တော်ရဲ့မိဘတွေမရှိတော့တည်းကကျွန်တော့်ရဲ့ဘွားဘွားခင်မြကပဲကျွန်တော့်ကိုအမေလိုတမျိုး၊အဖေလိုတမျိုးစောင့်ရှောက်ပေးခဲ့တယ်။ကျွန်တော့်ဘ၀မှာဘွားဘွားပဲရှိတော့တာကြောင့်ဘွားဘွားကကျွန်တော့်အချစ်ဆုံး၊တွယ်တာရဆုံးသူပေါ့။ကျွန်တော့်အသက်၁၂နှစ်ပြည့်မွေးနေ့မှာဘွားဘွားကကျွန်တော့်ကိုဖုန်းတလုံးလက်ဆောင်ပေးခဲ့တယ်။ကျွန်တော်ဖုန်းရတော့အရမ်းပျော်နေတာပေါ့။ဖုန်းစရတဲ့အချိန်တုန်းကကျွန်တော်gameဆော့ဖို့လောက်ပဲသိခဲ့တာပေါ့။နောက်ကျတော့internetကနေkpopအဖွဲ့တွေရဲ့mvတွေကြည့်ပြီးနောက်မှာကျွန်တော်kpopကိုစိတ်၀င်စားလာတယ်။အဲ့ဒီကစပြီးကျွန်တော်kpop fanတဦးဖြစ်လာတာပေါ့။
ကျွန်တော်အမြဲလိုလိုkorea songတွေနားထောင်ဖြစ်တယ်။ကျွန်တော့်မှာပါရမီပါလာတယ်လို့ပဲပြောရမလား။ကျွန်တော်korea songတပုဒ်ကို၃၊၄ခေါက်လောက်နားထောင်လိုက်ရင်ကျွန်တော်ပြန်ပြီးအလွတ်ဆိုနိုင်တယ်။ကျွန်တော်koreaဘာသာစကားတတ်လို့လားဆိုတော့လည်းကျွန်တော်မတတ်ပါဘူးဗျာ။နောက်တော့ကျွန်တော်kpopအဆိုတော်တဦးဖြစ်ချင်လာတယ်။စင်မြင့်ထက်မှာအောင်မြင်တဲ့kpop singerတဦးဖြစ်ဖို့ဆိုတာကျွန်တော့်ရဲ့အကြီးမားဆုံးအိမ်မက်တခုဖြစ်လာတယ်။အဲ့တာနှင့်ဘွားဘွားကိုကျွန်တော့်ရဲ့အိမ်မက်ကိုပြောပြပြီးအဲ့ဒီအိမ်မက်ကိုအကောင်အထည်ဖော်ချင်လို့ပြောခဲ့တယ်။
ဘွားဘွားကလည်းကျွန်တော့်ရဲ့အိမ်မက်ကိုခွင့်ပြုပါတယ်။ဒါပေမဲ့ကျွန်တော့်ဆီကကတိတခုတောင်းခဲ့တယ်။အဲ့တာကတော့ကျွန်တော့်ကြီးလာရင်ဘွားဘွားရည်ရွယ်ထားတဲ့မိန်းကလေးနှင့်လက်ထပ်ရမယ်ဆိုတာပဲဖြစ်တယ်။အဲ့ဒီ့ကတိကိုမပေးနိုင်ရင်ကျွန်တော့်ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ခွင့်မပေးဘူးလို့ပြောခဲ့တယ်။🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶
ကျွန်တော်လည်းတွေဝေခြင်းမရှိပဲချက်ချင်းအဖြေပြန်ပေးခဲ့ပေမဲ့ဘွားဘွားကကျွန်တော့်ကိုထပ်စဥ်းစားဖို့အချိန်၃ရက်ပေးခဲ့တယ်။ကျွန်တော်လည်းအထပ်ထပ်အခါခါစဥ်းစားခဲ့ပေမဲ့အဖြေကမူလအတိုင်းမပြောင်းလဲခဲ့ပါဘူး။၃ရက်ပြည့်တဲ့အချိန်မှာဘွားဘွားရည်ရွယ်ထားတဲ့မိန်းကလေးကိုပဲယူမယ်လို့ကျွန်တော်ကတိပေးခဲ့တယ်။အဲ့ဒီအချိန်ကစပြီးဘွားဘွားကကျွန်တော့်ကိုအဆိုတော်တယောက်ဖြစ်ဖို့အတွက်အကသင်တန်း၊အဆိုသင်တန်း၊koreaဘာသာသင်တန်း..........မျိုးစုံထားပေးခဲ့တယ်။ကျွန်တော်ကျောင်းပြီးသွားတော့တော့ကျွန်တော်ကိုဘွားဘွားကkoreaမှာရှိတဲ့ကျွန်တော့်ရဲ့တီလေးဂျီနာဆီပို့ပေးခဲ့တယ်။
ကျွန်တော့်အဒေါ်ကအပျိုကြီးလေ.....အခုတော့koreaမှာပဲနေတယ်။ကျွန်တော့်အဒေါ်ကkoreaမှာအလှကုန်ထုတ်လုပ်တဲ့companyကြီးတခုဖွင့်ထားတယ်။အန်တီဂျီနာကကိုရီးယားရောက်နေတာကျွန်တော့်တသက်တောင်ရှိနေပြီလေ။ကျွန်တော့်အိမ်မက်တွေပြည့်တော့မှာဆိုတော့ကျွန်တော်အရမ်း၀မ်းသာခဲ့တယ်။koreaရောက်တော့ကျွန်တော့်ရဲ့အိမ်မက်တွေကိုစပြီးအကောင်အထည်ဖော်ခဲ့တယ်။"JK enjoy"entertainment companyအသစ်ကအဖွဲ့အသစ်တခုစဖွဲ့မယ်လို့ကျွန်တော်သတင်းကြားတယ်။
YOU ARE READING
ရှင်းရှင်းရဲ့ချစ်ရသူidolကြီး
Romancek popလောကမှာနာမည်ကြီးstarဖြစ်တဲ့နေလင်းရောင်တဖြစ်လဲpoppyကအဘွားဖြစ်သူရဲ့ဆန္ဒအရမြန်မာနိုင်ငံပြန်လာပြီးရှင်းသန့်ဖြူဆိုတဲ့ကောင်မလေးနှင့်လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။မထင်မှတ်ထားပဲနေလင်းရောင်လက်ထပ်ရမဲ့သူကတော့နေလင်းရောင်ရဲ့make up artristဖြစ်တဲ့ရှင်...