🩷🩷chapter-14🩷🩷

146 5 0
                                    

ဆိုင်ရှင်အန်တီကြီး"အင်း....ဟုတ်မှာပါ....အန်တီအမှတ်မှားသွားတာဖြစ်မယ်....မောင်ရင့်ကိုအားနာလိုက်တာ။တောင်းပန်တယ်နော်....မောင်ရင်။"
jiho"ရပါတယ်....အန်တီရဲ့။"
တော်သေးတာပေါ့....အန်တီကြီးကငါ့ကိုမသိလို့....ကျွန်တော်တွေးရင်းသက်ပြင်းချလိုက်တယ်။
ဆိုင်ရှင်အန်တီကြီး"အရသာရှိရှိသုံးဆောင်ကြ....ကလေးတို့။လိုအပ်တာရှိရင်လည်းပြောနော်....ကလေးတို့။"
ဆိုင်ရှင်အန်တီကြီးကရှင်းရှင်းတို့အတွက်စားစရာတွေချပေးရင်းပြောလိုက်တယ်။
ရှင်းရှင်း"ဟုတ်ကဲ့.....အန်တီကျေးဇူးပါ။"
ရှင်းရှင်းဗိုက်ဆာနေတာနှင့်စားလိုက်တာနေ့လည်စာဘယ်လိုကုန်လို့ကုန်သွားလဲမသိပါဘူး။
ရှင်းရှင်း"အန်တီ.....သမီးကိုနောက်ထပ်တော့ပိုတပွဲပေးပါ။အန်တီ့လက်ရာကတော်တော်ကောင်းတာပဲ။resturantတောင်ဖွင့်လိုရတယ်။"
ဆိုင်ရှင်အဒေါ်ကြီး"ကျေးဇူးပဲ.....သမီး။"
ဆိုင်ရှင်အန်တီကြီးကတော့ပိုကီပွဲပြင်ရင်းပြောလိုက်တယ်။
ဆိုင်ရှင်အန်တီကြီး"တော့ပိုကီရပြီ....သမီး။"
ရှင်းရှင်း"ဟုတ်ကဲ့....အန်တီ။"
ရှင်းရှင်းတော့ပိုကီထပ်စားလိုက်တယ်။
jiho"ရှင်းလေး....ဗိုက်၀သွားပြီလား။"
ရှင်းရှင်း"၀ပြီ....ကိုကြီး။သွားကြမယ်လေ။"
jiho"အင်း.....သွားကြမယ်လေ။"
ကိုကြီးပိုက်ဆံရှင်းပြီးဆိုင်ကနေထွက်လာလိုက်တယ်။
ရှင်းရှင်း"ကိုကြီး....ဟိုမှာဓာတ်ပုံရိုက်တဲ့အခန်းငယ်လေးပဲ။ရှင်းရှင်းတို့အမှတ်တရဓာတ်ပုံသွားရိုက်ကြရအောင်။"
ရှင်းရှင်းကိုကြီးလက်ကိုဆွဲပြီးဓာတ်ပုံရိုက်တဲ့နေရာဆီပြေးသွားတယ်။
ရှင်းရှင်း"ဒီitemလေးမဆိုးဘူး.....ယုန်နားရွက်လေးတွေနှင့်ချစ်စရာလေး....ဒီitemလေးနှင့်စရိုက်မယ်နော်....ကိုကြီး။"
jiho"ရှင်းလေးသဘော။"

   🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶

     ရှင်းရှင်းဓာတ်ပုံရိုက်တဲ့ခလုတ်လေးကိုနှိပ်လိုက်ပြီးတာနှင့်ကိုကြီးရဲ့ပါးကိုညှစ်လိုက်တယ်။ဓာတ်ပုံထွက်လာတော့ရှင်းရှင်းဓာတ်ပုံကိုယူပြီးကြည့်လိုက်တယ်။ကိုကြီးကယုန်နားရွက်လေးနှင့်ချစ်စရာကောင်းသလိုပါးညစ်ထားတာကြောင့်ပါးဖောင်းဖောင်းလေးကမို့တက်နေတာလေးကလည်းယုန်ပေါက်စလေးလိုချစ်ဖို့ကောင်းလွန်းတယ်။
ရှင်းရှင်း"ပုံလေးကချစ်စရာလေး။နော်.....ကိုကြီး။"
ရှင်းရှင်းပြောရင်းကိုကြီးကိုဓာတ်ပုံပြလိုက်တယ်။
jiho"အင်း...ချစ်စရာလေး။နောက်တပုံလောက်ထပ်ကူးလိုက်....ရှင်းရှင်း။အမှတ်တရသိမ််းထားရအောင်လို့။"
ရှင်းရှင်း"ဟုတ်ကဲ့....ကိုကြီး။"
ရှင်းရှင်းနှင့်ကိုကြီးဓာတ်ပုံတွေအများကြီးရိုက်လိုက်တယ်။
jiho"ရှင်းလေးဘယ်သွားချင်သေးလဲ။"
ရှင်းရှင်း"မသွားချင်တော့ဘူး...ကိုကြီး။အိမ်ပြန်ချင်နေပြီ။ရှင်းလေးကိုဒီနေ့တနေ့လုံးပျော်စရာတွေဖန်တီးပေးတဲ့အတွက်ကျေးဇူးပဲနော်.....ကိုကြီး။"
jiho"ကျေးဇူးတင်စရာမလိုပါဘူး....ရှင်းလေးရဲ့။ရှင်းလေးကိုစစတွေ့ကတည်းကမမှတ်မိလို့အလျှော်ပေးတယ်လို့သဘောထားလိုက်။"
ရှင်းရှင်း"ကိုကြီးကလည်းအဲ့လိုမပြောပါနှင့်.....ရှင်းလေးလည်းကိုကြီးကိုမှတ်မိတာမှမဟုတ်တာ....တီလေးပြောလို့သာကိုကြီးကိုမှတ်မိတာ....အဲ့တုန်းကရှင်းရှင်းတို့ကငယ်သေးတော့မှတ်မိဖို့ဘယ်လွယ်မလဲ။"
jiho"ဟုတ်ပါပြီဗျာ။အခုလိုနားလည်ပေးတဲ့အတွက်ရှင်းလေးကိုကျေးဇူးအများကြီးတင်ပါတယ်နော်။"
ကိုကြီးကငယ်ငယ်တုန်းကလိုရှင်းလေးရဲ့ဆံပင်လေးကိုပွတ်လိုက်တယ်။ရှင်းလေးကအသက်သာကြီးလာတာငယ်ငယ်တုန်းကလိုမျိုးဖြူစင်ပြီးချစ်ဖို့ကောင်းနေတုန်း.....။ကျွန်​တော်ရှင်းရှင်းရဲ့တိုက်ခန်းဆီဦးတည်ပြီး​မောင်းလိုက်တယ်။
jiho"ရှင်း​လေး......။"
တိုက်​ရှေ့ရောက်လို့ရှင်း​လေးကိုကြည့်လိုက်​တော့ရှင်း​လေးကနှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်​နေတယ်လေ....အိပ်​ပျော်​နေတာ​တောင်ချစ်ဖို့​ကောင်းလိုက်တာ....ရှင်း​လေးရယ်....ရှင်းလေးအိပ်နေတာကိုကျွန်တော်ငေးကြည့်နေမိတယ်။

ရှင်းရှင်းရဲ့ချစ်ရသူidolကြီးWhere stories live. Discover now