jiho"ကျွန်တော်တို့အားလုံးကနန်းရဲ့ဟင်းချက်လက်ရာကိုသဘောကျတယ်။အဲ့တာရှင်းရှင်းကျွန်တော်တို့ရဲ့စားရေးသောက်ရေးအတွက်တာ၀န်ယူပေးလို့ရမလား။"
ရှင်းရှင်း"ရှင်းရှင်းကoppaတို့ရဲ့စားရေးသောက်ရေးအတွက်တာ၀န်ယူရမယ်....ဟုတ်လား...oppa???။"
oppaစကားကြောင့်ရှင်းရှင်းအံ့သြသွားတယ်။
jiho"ဟုတ်တယ်.....ရှင်းရှင်း။ကျွန်တော်တို့ရဲ့စားရေးသောက်ရေးကိုတာ၀န်ယူထားတဲ့အန်တီကြီးကအလုပ်ထွက်သွားတော့ကျွန်တော်တို့အတွက်အစားအသောက်ကတော်တော်လေးအဆင်မပြေဖြစ်နေတယ်။အပြင်စာတွေစားရတာကျွန်တော်တို့အတွက်အဆင်မပြေဘူးလေ။အဲ့တာကြောင့်ရှင်းရှင်းကိုအကူအညီတောင်းရတာပါ။"
ရှင်းရှင်းoppaရဲ့စကားကိုကြားရတော့ရှင်းရှင်းအိမ်မက်မက်နေသလားလို့တောင်အောင့်မေ့ရတယ်။ရှင်းရှင်းရဲ့idolတွေအတွက်အစားအသောက်စီစဥ်ပေးရမယ်....ရှင်းရှင်းကလား.....။
ရှင်းရှင်း"ဟုတ်ကဲ့.....ရှင်းရှင်းoppaတို့အတွက်အစားအသောက်ပြင်ဆင်ပေးပါမယ်။"
ရှင်းရှင်းနှစ်ခါတောင်ပြောစရာမလိုပဲoppaတောင်းဆိုတာလိုက်လျောလိုက်တာပေါ့😁😁😁။
jiho"ရှင်းရှင်းသဘောတူတယ်ဆိုတော့၀မ်းသာပါတယ်။ရှင်းရှင်းအပန်းမကြီးရင်ကျွန်တော်တို့အတွက်အခုပဲညစာပြင်ပေးလို့ရမလား။"
ရှင်းရှင်း"အာ....ရပါတယ်.....ရှင်းရှင်းအခုပဲပြင်လိုက်မယ်။"
ရှင်းရှင်းလည်းoppaတို့အတွက်ညစာပြင်ပေးဖို့မီးဖိုခန်းထဲ၀င်သွားတယ်။ရေထဲသေတ္တာဖွင့်ကြည့်လိုက်တော့အအေးတွေ၊သစ်သီးတွေနှင့်သရေစာတွေပဲရှိပြီးချက်စရာအသားနှင့်ဟင်းရွက်တွေမရှိတာကြောင့်oppaတို့ကိုပြောဖို့ရှင်းရှင်းမီးဖိုခန်းထဲကထွက်လာတယ်။ရှင်းရှင်းဧည့်ခန်းထဲရောက်တော့oppa taehoကအားကစားလုပ်ပြီးလို့ချွေးတွေထွက်လာတာကြောင့်အင်္ကျီရုတ်တရတ်ချွတ်လိုက်တာတောင့်ရှင်းရှင်းလန့်ပြီးအခြားတဖက်ကိုမျက်နှာလွှဲလိုက်တယ်။🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶
jiho"taeလေး....အင်္ကျီ၀တ်ထားစမ်းပါကွာ။ရှင်းရှင်းရှိနေတယ်လေ....သတိလေးဘာလေးထားပါအုန်း။ရှင်းရှင်းကိုအားနာဖို့ကောင်းတယ်။"
taeho"အာ....ဟုတ်သားပဲ...ရှင်းရှင်းရှိနေတာမေ့သွားတယ်။sorryနော်.....ရှင်းရှင်း။"
oppa taehoကအင်္ကျီ၀တ်ရင်းရှင်းရှင်းကိုတောင်းပန်စကားပြောလိုက်တယ်။
ရှင်းရှင်း"ဟုတ်ကဲ့....ရပါတယ်...oppa။ဒါနှင့်ရှင်းရှင်းပြောစရာရှိလို့။"
jiho"ပြောလေ....ရှင်းရှင်း။ဘာကိစ္စများလဲ။"
ရှင်းရှင်း"ရှင်းရှင်းရေခဲသေတ္တာဖွင့်ကြည့်လိုက်တာဟင်းအမယ်တွေမရှိဘူးရယ်.......အဲ့တာရှင်းရှင်းဈေးသွားချင်လို့ပါ......oppa။"
jiho"ဟုတ်သားပဲ.....အိမ်မှာဟင်းချက်စရာတွေဘယ်ရှိပါ့မလဲ.....အဒေါ်ကြီးမရှိတော့ဈေးသွားမယ့်သူမှမရှိတာ။ရှင်းရှင်းကအခုဈေးသွားမှာဆိုတော့အပြန်မှောင်နေမှာပေါ့....ကျွန်တော်လိုက်ပို့ပေးမယ်။"
ရှင်းရှင်း"အာ....ရပါတယ်......ရှင်းရှင်းတယောက်တည်းသွားလို့ရပါတယ်။oppaကအပြင်သွားလို့ဘယ်ဖြစ်မလဲ.......ရှင်းရှင်းကြောင့်oppaအခက်တွေ့နေပါအုန်းမယ်။"
jiho"ရတယ်....ရှင်းရှင်း။ကျွန်တော့်အတွက်စိတ်မပူနှင့်.......ခဏစောင့်နော်.....အ၀တ်သွားလဲလိုက်အုန်းမယ်။"
leho"hyungတို့ကအပြင်သွားမယ်ဆိုရင်pizza🍕🍕🍕လေး၀ယ်ခဲ့ပါလား....ညလယ်စာအဖြစ်စားချင်လို့။"
taeho"ဟုတ်တယ်.....ညီလည်းစားချင်တယ်။၀ယ်ခဲ့နော်......hyung။"
jiho"မင်းတို့တွေကတော့ရှုပ်ပြီ။"
liho"hyungကလည်း။"
taeho"please!!!"
oppa lihoနှင့်taehoကoppa poppyကိုမျက်နှာငယ်လေးတွေနှင့်ကြည့်ပြီးပြောလိုက်တယ်။
jiho"အေးပါကွာ.....၀ယ်ခဲ့မယ်...ဟုတ်ပြီလား။"
oppa jihoကအဲ့လိုပြောလိုက်မှoppaတို့နှစ်ယောက်မျက်နှာမှာပြုံးပန်းဝေသွားတယ်။oppaတို့နှစ်ယောက်နှင့်စကားပြောပြီးတော့oppa jihoကအ၀တ်အစားလဲဖို့အပေါ်ထပ်အခန်းဆီတက်သွားတော့တယ်။၁၀မိနစ်လောက်ကြာတော့oppa jihoကအ၀တ်အစားလဲပြီးအပေါ်ထပ်ကနေဆင်းလာတယ်။oppaကအနက်ရောင်အင်္ကျီ t-shirtနှင့်မီခိုးရောင်ဘောင်းဘီ၀တ်ထားတော့oppaရဲ့ဖြူ၀င်းနေတဲ့အသားအရည်ကပိုပြီးပေါ်လွင်သွားတယ်🫠🫠🫠။oppaကဘာပဲ၀တ်၀တ်အရမ်းပဲချောတာပဲ🤭🤭🤭.....oppaအမေကoppaကိုလူတကာထက်ချောတဲ့အချောလေးဖြစ်အောင်မွေးပေးလိုက်တာပဲ။
YOU ARE READING
ရှင်းရှင်းရဲ့ချစ်ရသူidolကြီး
Romansak popလောကမှာနာမည်ကြီးstarဖြစ်တဲ့နေလင်းရောင်တဖြစ်လဲpoppyကအဘွားဖြစ်သူရဲ့ဆန္ဒအရမြန်မာနိုင်ငံပြန်လာပြီးရှင်းသန့်ဖြူဆိုတဲ့ကောင်မလေးနှင့်လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။မထင်မှတ်ထားပဲနေလင်းရောင်လက်ထပ်ရမဲ့သူကတော့နေလင်းရောင်ရဲ့make up artristဖြစ်တဲ့ရှင်...