🩷🩷🩷chapter-1🩷🩷🩷

1.1K 16 3
                                    

ကျွန်​တော့်နာမည်က​​တော့နေလင်း​ရောင်ပါ။ကျွန်​တော်ကk-pop​လောကမှာpoppyဆိုတဲ့နာမည်နှင့်​ကျော်ကြား​နေတဲ့k-pop singerတဦး​ပါ။ကျွန်​​တော်ရဲ့မိဘ​တွေမရှိ​တော့တည်းကကျွန်​တော့်ရဲ့ဘွားဘွားခင်မြကပဲကျွန်​တော့်ကိုအ​မေလိုတမျိုး၊အ​ဖေလိုတမျိုး​စောင့်​ရှောက်​ပေးခဲ့တယ်။ကျွန်တော့်ဘ၀မှာဘွားဘွားပဲရှိတော့တာကြောင့်ဘွားဘွားကကျွန်တော့်အချစ်ဆုံး၊တွယ်တာရဆုံးသူပေါ့။ကျွန်​တော့်အသက်၁၂နှစ်ပြည့်​မွေး​နေ့မှာဘွားဘွားကကျွန်​တော့်ကိုဖုန်းတလုံးလက်​ဆောင်​ပေးခဲ့တယ်။ကျွန်​တော်ဖုန်းရ​တော့အရမ်း​ပျော်​နေ​တာ​ပေါ့။ဖုန်းစရတဲ့အချိန်တုန်းကကျွန်​တော်gameဆော့ဖို့​လောက်ပဲသိခဲ့​တာ​ပေါ့။​နောက်ကျ​​တော့internetက​နေkpopအဖွဲ့​တွေရဲ့mv​တွေကြည့်ပြီး​နောက်မှာကျွန်​တော်kpopကိုစိတ်၀င်စားလာတယ်။အဲ့ဒီကစပြီးကျွန်​တော်kpop fanတဦးဖြစ်လာတာ​ပေါ့။
​​ ကျွန်​တော်အမြဲလိုလိုkorea song​တွေနား​ထောင်ဖြစ်တယ်။ကျွန်​တော့်မှာပါရမီပါလာတယ်လို့ပဲ​ပြောရမလား။ကျွန်​တော်korea songတပုဒ်ကို၃၊၄​ခေါက်​လောက်နား​ထောင်လိုက်ရင်ကျွန်​တော်ပြန်ပြီးအလွတ်ဆိုနိုင်တယ်။ကျွန်​တော်koreaဘာသာစကားတတ်လို့လားဆို​တော့လည်းကျွန်​တော်မတတ်ပါဘူးဗျာ။​နောက်​တော့ကျွန်​တော်kpopအဆို​တော်တဦးဖြစ်ချင်လာတယ်။စင်မြင့်ထက်မှာအောင်မြင်တဲ့kpop singerတဦးဖြစ်ဖို့ဆိုတာကျွန်​တော့်ရဲ့အကြီးမားဆုံးအိမ်မက်တခုဖြစ်လာတယ်။အဲ့တာနှင့်ဘွားဘွားကိုကျွန်​တော့်ရဲ့အိမ်မက်ကို​ပြောပြပြီးအဲ့ဒီအိမ်မက်ကိုအ​ကောင်အထည်​ဖော်ချင်လို့​​ပြောခဲ့တယ်။
ဘွားဘွားကလည်းကျွန်​တော့်ရဲ့အိမ်မက်ကိုခွင့်ပြုပါတယ်။ဒါ​ပေမဲ့ကျွန်​တော့်ဆီကကတိတခု​တောင်းခဲ့တယ်။အဲ့တာက​တော့ကျွန်​တော့်ကြီးလာရင်ဘွားဘွားရည်ရွယ်ထားတဲ့မိန်းက​လေးနှင့်လက်ထပ်ရမယ်ဆိုတာပဲဖြစ်တယ်။အဲ့ဒီ့ကတိကိုမ​ပေးနိုင်ရင်ကျွန်​တော့်ရဲ့အိမ်မက်ကိုအ​ကောင်အထည်​ဖော်ခွင့်မ​ပေးဘူးလို့​ပြောခဲ့တယ်။

🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶

ကျွန်​တော်လည်း​တွေ​ဝေခြင်းမရှိပဲချက်ချင်းအ​ဖြေပြန်​ပေးခဲ့ပေမဲ့ဘွားဘွားကကျွန်​တော့်ကိုထပ်စဥ်းစားဖို့အချိန်၃ရက်​ပေးခဲ့တယ်။ကျွန်​တော်လည်းအထပ်ထပ်အခါခါစဥ်းစားခဲ့​ပေမဲ့အ​ဖြေကမူလအတိုင်းမ​ပြောင်းလဲခဲ့ပါဘူး။၃ရက်ပြည့်တဲ့အချိန်မှာဘွားဘွား​ရည်ရွယ်ထားတဲ့မိန်းက​လေးကိုပဲယူမယ်လို့ကျွန်တော်ကတိ​ပေးခဲ့တယ်။အဲ့ဒီအချိန်ကစပြီးဘွားဘွားကကျွန်​တော့်ကိုအဆို​တော်တ​ယောက်ဖြစ်ဖို့အတွက်အကသင်တန်း၊အဆိုသင်တန်း၊koreaဘာသာသင်တန်း..........မျိုးစုံထား​ပေးခဲ့တယ်။​ကျွန်​တော်ကျောင်းပြီးသွား​တော့တော့ကျွန်​တော်ကိုဘွားဘွားကkoreaမှာရှိတဲ့ကျွန်​တော့်ရဲ့တီ​လေးဂျီနာဆီပို့​ပေးခဲ့တယ်။
ကျွန်​တော့်အ​ဒေါ်ကအပျိုကြီး​လေ.....အခုတော့koreaမှာပဲနေတယ်။ကျွန်​​တော့်အ​ဒေါ်ကkoreaမှာအလှကုန်ထုတ်လုပ်တဲ့companyကြီးတခုဖွင့်ထားတယ်။​အန်တီဂျီနာကကိုရီးယား​ရောက်​နေတာကျွန်​တော့်တသက်​တောင်ရှိ​နေပြီ​လေ။ကျွန်​တော့်အိမ်မက်​တွေပြည့်​တော့မှာဆို​တော့ကျွန်​တော်အရမ်း၀မ်းသာခဲ့တယ်။korea​ရောက်​တော့ကျွန်​တော့်ရဲ့အိမ်မက်​တွေကိုစပြီးအ​ကောင်အထည်​ဖော်ခဲ့တယ်။"JK enjoy"entertainment companyအသစ်ကအဖွဲ့အသစ်တခုစဖွဲ့မယ်လို့ကျွန်​တော်သတင်းကြားတယ်။

ရှင်းရှင်းရဲ့ချစ်ရသူidolကြီးWhere stories live. Discover now