မနက်၆နာရီကျော်မှာ"တီ....တီ...တီ"ဆိုတဲ့နှိုးစက်သံကရှင်းရှင်းအိမ်မက်ကမ္ဘာကနိုးလာစေခဲ့တယ်။ရှင်းရှင်းမျက်နှာသစ်လိုက်ပြီးအလုပ်ကိုထမင်းချိုင့်ယူသွားဖို့ထမင်းဟင်းချက်ဖို့စပြီးပြင်ဆင်တယ်။အရင်ဆုံးဆန်ဆေးပြီးထမင်းအိုးတည်လိုက်တယ်။ပြီးတာနှင့်အမဲသားကိုမီးအေးအေးလေးနှင့်ကင်လိုက်ပြီးဝက်သားကိုခရမ်းချဥ်သီးနှင့်စပ်စပ်လေးတခွက်.....အမေပို့ပေးတဲ့ပြည်ကြီးငါးခြောက်ကြော်လေးတခွက်.....ရှင်းရှင်းချက်လိုက်တယ်။ဟင်းတွေချက်ပြီးသွားတော့ဈေးထဲက၀ယ်လာတဲ့ကင်ချီကိုရေခဲသေတ္တာထဲကထုတ်လိုက်ပြီးနွေးလိုက်တယ်။ဟင်းချက်ပြီးသွားတော့ချွေးတွေထွက်လာတာကြောင့်ရေပြေးချိုးလိုက်ရတယ်။ရေချိုးပြီးတော့မိုးပြာရောင်ဗမာ၀မ်းဆက်လေးထုတ်လိုက်ပြီးသပ်သပ်ရပ်ရပ်၀တ်လိုက်တယ်။အားလုံးပြီးသွားလို့ကားရောက်ပြီလားလို့ရှင်းရှင်း၀ရန်ဒါကနေလှမ်းကြည့်လိုက်တော့ကားရောက်နေတာနှင့်အိမ်ကနေထွက်လာလိုက်တယ်။
ကားပေါ်ရောက်တော့oppaတို့မျက်နှာကိုတန်းပြီးတွေ့လိုက်ရတယ်.....oppaတို့ကြောင့်ရှင်းရှင်းအတွက်မင်္ဂလာရှိတဲ့မနက်ခင်းလေးဖြစ်သွားတာပေါ့။ရှင်းရှင်းဒီအလုပ်ကိုရွေးခဲ့မိတာတကယ့်ကိုမှန်သွားတယ်။ရှင်းရှင်းတို့မိသားစုကdoctor familyလေ.....ဖိုးဖိုးနှင့်ဖွားဖွားကစလို့ဖေဖေ၊မေမေထိအကုန်လုံးပါရဂူဘွဲ့ရဆရာ၀န်ကြီးတွေပဲ......ရှင်းရှင်း၁၀တန်းအမှတ်စာရင်းထုတ်တော့ဆေးကျောင်းတက်ဖို့အမှတ်မှီခဲ့တယ်.....ဒါပေမဲ့ရှင်းရှင်းကဆရာ၀န်လုပ်ဖို့ဝါသနာမပါဘူးလေ.....oppaတွေရဲ့make-up artistပဲဖြစ်ချင်ခဲ့တာ။အဲ့တာနှင့်ရှင်းရှင်းဆေးကျောင်းမတက်ပဲ......make-up artistဖြစ်မဲ့ဖက်ပဲရွေးလိုက်တယ်......ဖေဖေကတော့ရှင်းရှင်းဆရာ၀န်မလုပ်တော့ဘူးဆိုတာသိတော့၂ရက်လောက်မျက်နှာမကောင်းခဲ့ဘူး.....ဒါပေမဲ့ရှင်းရှင်းရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ခွင့်ပေးခဲ့ပါတယ်။ရှင်းရှင်းကတဦးတည်းသောသမီးဆိုတော့တအိမ်လုံးရဲ့အလိုတာကိုငယ်ငယ်လေးကတည်းခံလာရတဲ့ကံကောင်းသူလေးပေါ့......အဲ့တာကြောင့်လည်းရှင်းရှင်းကနည်းနည်းခေါင်းမာပြီးတခါတလေကလေးလိုဆိုးတတ်တယ်😁😁😁။
YOU ARE READING
ရှင်းရှင်းရဲ့ချစ်ရသူidolကြီး
Romancek popလောကမှာနာမည်ကြီးstarဖြစ်တဲ့နေလင်းရောင်တဖြစ်လဲpoppyကအဘွားဖြစ်သူရဲ့ဆန္ဒအရမြန်မာနိုင်ငံပြန်လာပြီးရှင်းသန့်ဖြူဆိုတဲ့ကောင်မလေးနှင့်လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။မထင်မှတ်ထားပဲနေလင်းရောင်လက်ထပ်ရမဲ့သူကတော့နေလင်းရောင်ရဲ့make up artristဖြစ်တဲ့ရှင်...