ဟွန်....ဘယ်လိုဖြစ်တာလဲ....ငါဘာဖြစ်လို့wedding dress၀တ်ထားတာလဲ.....ဘာတွေဖြစ်နေတာလဲ။wedding dress၀တ်ထားတဲ့ကိုယ့်ကိုကြည့်ပြီးအံ့သြစွာကြည့်ရင်းစိတ်ထဲကနေတီးတိုးပြောလိုက်မိတယ်။အဲ့ဒီ့အချိန်တစုံတယောက်တံခါးဖွင့်ပြီးရှင်းရှင်းရဲ့အခန်းထဲ၀င်လာတယ်။ဟမ်.....ကိုကြီးပါလား....ကိုကြီးကလည်းသတို့သား၀တ်စုံနှင့်ပါလား...........ဘယ်လိုဖြစ်တာလဲ။ရှင်းရှင်းနားမလည်နိုင်စွာနှင့်ကိုကြီးပဲငေးကြည့်နေမိတော့သည်။ရှင်းရှင်းငေးကြည့်နေတုန်းရုတ်တရတ်ကိုကြီးကရှင်းရှင်းရဲ့နှုတ်ခမ်းကိုညင်ညင်သာသာလေးနမ်းလိုက်တယ်။ရှင်းရှင်းအံ့သြလွန်းလို့မျက်လုံးလေးတွေပြူးကျယ်သွားတော့သည်...................။
ကျလိ....ကျလိ....ကျလိ....ဆိုတဲ့ဌက်ကလေးတို့ရဲ့အသံကြောင့်ရှင်းရှင်းအိပ်ယာကနိုးထလာခဲ့တယ်။ရှင်းရှင်းနိုးလာတာနှင့်ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့ညတုန်းက၀တ်ထားတဲ့ည၀တ်အင်္ကျီ၀တ်ထားတာတွေ့လိုက်ရမှစောနကအိမ်မက်ဖြစ်နေမှန်းရှင်းရှင်းသဘောပေါက်သွားတယ်။ငါအိမ်မက် မက်နေတာလဲ.....အရူးမလေး.....ဘာတွေမက်မှန်းလဲမသိဘူး။ရှင်းရှင်းကိုယ့်ကိုကိုယ်မကျေနပ်စွာပြောလိုက်မိသည်။အိပ်ယာကနိုးလာတော့ရှင်းရှင်းမျက်နှာသစ်ဖို့ရေချိုးခန်းထဲ၀င်သွားလိုက်တယ်။သွားတိုက်နေရင်းမနက်အိမ်မက်ကmoviceတခုလိုမျိုးမျက်လုံးထဲမှာပြန်ပေါ်လာတာကြောင့်မျက်နှာတခုလုံးနီရဲသွားတယ်။ရှင်းရှင်း.....နင်ဘာတွေတွေးနေတာလဲ.....ပေါက်ကရတွေလျှောက်တွေးနေတာရပ်လိုက်တော့။🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶
ရှင်းရှင်းမျက်နှာသစ်...သွားတိုက်ပြီးတော့breakfastစားဖို့အောက်ထပ်ဆင်းလာခဲ့တယ်။
ရှင်းရှင်း"မေမေတယောက်ထဲပါလား......ဘိုးဘိုးနှင့်ဘွားဘွား၊ဖေဖေတို့ရော.....မတွေ့ပါလား။ဘယ်သွားကြတာလဲ....မေမေ။"
ဒေါ်တင်နွယ်"သမီးအဘိုးနှင့်အဘွားကဘုရားသွားပြီးကုသိုလ်သွားလုပ်ကြတယ်။သမီးအဖေကတော့အလုပ်သွားပြီ။"
ရှင်းရှင်း"ဟုတ်လား......မေမေ.....သမီးဗိုက်ဆာနေပြီ။မနက်စာဘာစားရမှာလဲဟင်။"
ဒေါ်တင်နွယ်"သမီးကြိုက်တဲ့မုန့်ဟင်းခါးမေမေကိုယ်တိုင်ချက်ထားတယ်။သမီးလည်းမစားရတာကြာပြီမလား???"
ရှင်းရှင်း"ဟုတ်တယ်...မေမေရဲ့။မစားရတာအရမ်းကြာနေပြီ။မေမေ့လက်ရာကိုသမီးကလွမ်းနေတာ။"
ရှင်းရှင်းမေမေကိုအနောက်ကနေဖက်ပြီးချွဲလိုက်တယ်။
ဒေါ်တင်နွယ်"မေ့သမီးကတော့အမေကိုချွဲဖို့ပဲ။"
မေမေကပြောနေရင်းရှင်းရှင်းရဲ့ခေါင်းကိုပုတ်လိုက်တယ်။
ရှင်းရှင်းမေမေလက်ရာမုန့်ဟင်းခါးကိုစားကောင်းကောင်းစားလိုက်တာ၃ပန်းကန်တောင်ကုန်သွားတယ်။ရှင်းရှင်းမနက်စာစားပြီးလို့T.Vကြည့်နေတုန်းခြံရှေ့ကနေတီ....တီ....တီ....ဆိုတဲ့ဟွန်းသံကထွက်လာတယ်။
ဒေါ်တင်နွယ်"သမီးရေ.....သမီးအဘွားနှင့်အဘိုးပြန်လာတယ်ထင်တယ်.....ခြံတခါးသွားဖွင့်ပေးလိုက်ပါအုန်းကွယ်။"
ရှင်းရှင်း"ဟုတ်ကဲ့....မေမေ။"
ရှင်းရှင်းခြံတံခါးသွားဖွင့်ပေးလိုက်တော့အနက်ရောင်ကားတစီးကခြံထဲ၀င်လာခဲ့သည်။ကားထဲကနေကိုကြီးတို့၅ယောက်ဆင်းလာတာတွေ့တော့ရှင်းရှင်းအံ့သြသွားတယ်။
YOU ARE READING
ရှင်းရှင်းရဲ့ချစ်ရသူidolကြီး
Romantizmk popလောကမှာနာမည်ကြီးstarဖြစ်တဲ့နေလင်းရောင်တဖြစ်လဲpoppyကအဘွားဖြစ်သူရဲ့ဆန္ဒအရမြန်မာနိုင်ငံပြန်လာပြီးရှင်းသန့်ဖြူဆိုတဲ့ကောင်မလေးနှင့်လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။မထင်မှတ်ထားပဲနေလင်းရောင်လက်ထပ်ရမဲ့သူကတော့နေလင်းရောင်ရဲ့make up artristဖြစ်တဲ့ရှင်...