🩷🩷chapter-25🩷🩷

280 7 0
                                    

ရှင်းရှင်းတို့မြန်မာမှာ၄လ​လောက်​နေပြီး​တော့koreaပြန်ဖို့အချိန်ကျလာတယ်.....မြန်မာမှာ​ပဲ​နေချင်တယ်ဆို​ပေမဲ့လည်းအလုပ်ရှိသေးတော့လည်းပြန်သွားရအုန်းမယ်....အသက်ကြီးလာရင်​တော့မြန်မာမှာပဲ​နေပစ်မယ်....။ဘာလိုလိုနှင့်korea​တောင်ပြန်ရ​တော့မှာပါလား.....အွန်း....မြန်မာပြည်ပြန်​ရောက်​တော့koreaကို​တောင်ပြန်ချင်စိတ်မရှိ​တော့ဘူး.......ကျွန်​တော်koreaမပြန်ခင်ဘွားဘွားကိုရှင်း​လေးရဲ့မိဘ​တွေနားမှာအိမ်၀ယ်​ပေးလိုက်​ခဲ့လိုက်တယ်......ရှင်း​လေးမိဘ​တွေနှင့်နီးနီး​လေးဖြစ်သွားပြီဆို​တော့ဘွားဘွားအတွက်စိတ်​အေးသွားတယ်။
​ ​လေယာဥ်​အကြာကြီးစီးရမှာဆို​တော့ကျွန်​တော်သီချင်းနား​ထောင်ရင်း​မှေး​နေလိုက်တယ်......။ရှင်း​လေးပါလား....အိပ်ပုပ်​လေး.....babeက​တော့က​လေး​လေးလိုအိပ်​နေတာပဲ....။ကျွန်​တော့်ရဲ့ပုခုန်း​ပေါ်မှီပြီးအိပ်​လေးနှင့်ရှင်း​​လေးကိုကြည့်ပြီးပါးကပါးချိုင်း​လေး​ပေါ်​အောင်ထိပြုံးလိုက်မိတယ်။ရှင်း​လေးအိပ်​နေတဲ့ပုံ​လေးကိုမသိမသာကျွန်​တော်ဓါတ်ပုံရိုက်ထားလိုက်တယ်။
       ကျွန်​တော်koreaလေဆိပ်​ရောက်​တော့fan​တွေ​ရော၊သတင်း​ထောက်​တွေ​ရော​အများကြီးပဲ​ရောက်​နေကြတယ်.....​သေချာတာ​တော့ကျွန်​တော်နှင့်ရှင်းလေးရဲ့သတင်းကိုသိချင်ကြလို့ဖြစ်မယ်။ကျွန်​တော်တို့အဖွဲ့​လေဆိပ်က​နေအိမ်ကိုမနဲပြန်လာခဲ့ရတယ်။
jiho"ရှင်း​လေး....ဘယ်သွားမလို့လဲ။"
ရှင်းရှင်း"ရှင်း​လေး....တိုက်ခန်းပြန်မလို့​လေ။"
jiho"ရှင်း​လေး....ဒီကိုပဲ​ပြောင်းလာလိုက်ပါလား....ရှင်း​လေးတ​ယောက်တည်းကိုကြီးစိတ်မချဘူး။"
ရှင်းရှင်း"အာ...ဖြစ်ပါ့မလား....ကိုကြီးရဲ့။"
jiho"ဘာမဖြစ်ရမှာလဲ.....မင်းကအခုကိုယ့်ဇနီးဖြစ်​နေပြီပဲကို။"
ရှင်းရှင်း"အဲ့ဒါဆိုလည်းကိုကြီးသ​​ဘောတိုင်းပါပဲ....ရှင်း​လေးဒီ​နေ့ပဲ​ပြောင်းလာလိုက်မယ်​နော်....။"
jiho"​​ကောင်းတယ်...ရှင်း​လေး....ရှင်း​လေးတိုက်ခန်းသွားအုန်းမှာမလား....ကိုကြီးလိုက်ပို့​ပေးမယ်​လေ။"
ရှင်းရှင်း"ဟုတ်...ကိုကြီး...သွားကြမယ်​လေ။"

   🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶

      ရှင်းရှင်းတိုက်ခန်းမှာရှိတဲ့ပစ္စည်း​တွေသိမ်းပြီးကိုကြီးနှင့်အိမ်ပြန်လာခဲ့လိုက်တယ်။ရှင်းရှင်းတို့နှစ်ယောက်လုံးကလွတ်လပ်တဲ့သမီးရည်းစားဘ၀ကိုဖြတ်သန်းချင်သေးတာကြောင့်အခန်းခွဲပြီးနေဖို့ဆုံးဖြတ်လိုက်တယ်။ရှင်းရှင်းကို ကိုကြီးကအိမ်မှာရှိတဲ့အခန်း​တွေထဲကကြိုက်တဲ့အခန်း​ရွေးခိုင်းတာမို့ကိုကြီးနှင့်​ဘေးချင်းကပ်ရပ်အခန်းမှာပဲ​ရွေးပြီး​နေလိုက်​တော့တယ်။
jiho"ရှင်း​လေး​ရေ.....အန်တီဂျီနာလာတယ်...."
ရှင်းရှင်းအခန်းထဲပစ္စည်း​တွေ​နေရာချ​နေ​တုန်းကိုကြီးလှမ်းခေါ်တာ​ကြောင့်​အောက်ထပ်ဆင်းလာလိုက်တယ်။
ရှင်း​လေး"တီ​လေး​ရောက်​နေတာလား....တီ​လေးမ​တွေ့ရတဲ့အ​တောအတွင်းပိုပြီး​တောင်နုလာသလိုပဲ။"
အန်တီဂျီနာ"သမီး​က​တော့​လေအရမ်းချစ်ဖို့ကောင်းတာပဲ။သမီးတို့ရဲ့မင်္ဂလာပွဲကိုတီလေးမလာနိုင်တဲ့အတွက်တောင်းပန်ပါတယ်ကွယ်.....ဒီရက်ပိုင်းတီလေးကproductအသစ်ထုတ်နေတာနှင့်အလုပ်တွေရှုပ်နေလို့။"
ရှင်းရှင်း"ရပါတယ်.....တီလေးရဲ့။သမီးတို့ကလည်းအကျဥ်းချုံးပြီးလုပ်လိုက်တာပါ...။"
အန်တီဂျီနာ"ရော့....ဒီမှာသမီးအတွက်မင်္ဂလာလက်ဖွဲ့။"
တီလေးကပြောရင်းရတနာဘူး၃ဘူးရှင်းရှင်းကိုပေးလိုက်တယ်။
ရှင်းရှင်း"ဟယ်....လှလိုက်တာ...တီလေးရေ....ကျေးဇူးပဲနော်။"
အန်တီဂျီနာ"ရှင်းလေးသဘောကျလို့တော်သေးတယ်.....တီလေးကရှင်းလေးသဘောမကျမှာဆိုးလို့စိတ်ပူနေတာ။"
ရှင်းရှင်း"တီလေးလက်ဖွဲ့ကိုရှင်းလေးအများကြီးသဘောကျပါတယ်....ရှင်းလေးကိုအခုလိုတန်ဖိုးရှိပြီးလှပတဲ့မင်္ဂလာဖွဲ့ပေးတဲ့အတွက်တီလေးကိုကျေးဇူးအများကြီးတင်ပါတယ်နော်......။"
အန်တီဂျီနာ"ရပါတယ်....ရှင်းလေးရယ်။"
jiho"တီလေးကတီလေးတူမကျတော့လက်ဖွဲ့တွေအများကြီးပေးပြီးကျွန်တော်ကိုကျတော့လက်ဖွဲ့မပေးဘူးဆိုတော့မတရားပါဘူးဗျာ......"
အန်တီဂျီနာ"ဟဲ့....မင်းကိုငယ်ငယ်လေးကတည်းကငါလက်ဆောင်တွေအများကြီးပေးပြီးပြီလေ.....ရှင်းလေးကအခုမှငါတို့မိသားစု၀င်အသစ်ဖြစ်လာတာလေ.....ရှင်းလေးကိုဂရုစိုက်ပေးရမှာပေါ့......မင်းရှင်းလေးကိုအနိုင်ကျင့်ရဲကျင့်ကြည့်ငါနှင့်တွေ့မယ်။"
အန်တီဂျီနာကပြောပြောဆိုဆိုနှင့်ကျွန်တော့်ကိုခေါင်းကိုခေါက်လိုက်တယ်။

ရှင်းရှင်းရဲ့ချစ်ရသူidolကြီးWhere stories live. Discover now