🩷🩷chapter-11🩷🩷

316 9 0
                                    

အန်တီဂျီနာ"ကိုယ်တော်ချော....ဒါကဘယ်လိုဖြစ်ရတာလဲ။ပြောပါအုန်း။"
jiho"ဘယ်လို့မှမဖြစ်ပါဘူးတီလေးရယ်။ဒီလိုပါပဲ....အခန့်မသင့်လို့ဖြစ်တာ။"
အန်တီဂျီနာ"အေးပါ....ကျန်းမာရေးလည်းဂရုစိုက်အုန်း။တယောက်ကနေမကောင်းဖြစ်နေရတဲ့ကြားတဲ့နောက်တယောက်ကနေမကောင်းမဖြစ်စေနှင့်....ကြားလား....တူလေး။"
jiho"ဘယ်သူနေမကောင်းဖြစ်နေတာလဲ....တီလေး။မဟုတ်မှလွဲရောဘွားဘွားလား။"
အန်တီဂျီနာ"ဟုတ်တယ်....တူလေးရေ။အမေကဆီးချိုတက်နေပြီးနေမကောင်းဖြစ်နေတယ်....ဆေးရုံတောင်တင်လိုက်ရတယ်။"
jiho"ဟုတ်လား....ဘယ်လိုဖြစ်တာလဲ....ကျွန်တော်တောင်မသိပါလား။"
အန်တီဂျီနာ"မင်းအဘွားကမင်းစိတ်ပူနေမှာဆိုးလို့မ​ပြောခိုင်းတာ....ပြီးတော့မင်းကလည်းဖျော်ဖြေပွဲတွေနှင့်အလုပ်ရှုပ်နေလို့တီလေးကလည်းမပြောလိုက်တာ။"
jiho"တီလေးကလည်းဖျော်ဖြေပွဲတွေဖျက်လို့ရတာပဲ။နောက်ဆိုကျွန်တော့်ကိုပြောနော်....တီလေး။"
အန်တီဂျီနာ"အေးပါ...တီလေးပြောပါ့မယ်။"
jiho"ဒီ၃လထဲမြန်မာနိုင်ငံမှာဖျော်ဖြေပွဲလုပ်ဖို့ရှိတာနှင့်အတော်ပဲ။ဒီတခေါက်သွားရင်ဘွားဘွားကိုအဖော်ပြုရင်းဘွားဘွားနားအကြာကြီးနေလိုက်အုန်းမယ်။"
အန်တီဂျီနာ"ကောင်းတာပေါ့...တူလေးရယ်။ဒါနှင့်မင်းရှင်းရှင်းဘယ်သူလဲဆိုတာမသိဘူးလား။"
jiho"တီလေး....ဘာပြောချင်တာလဲ ...ကျွန်တော်နားမလည်ဘူး။"
အန်တီဂျီနာ"ဟယ်......ရှင်းရှင်းကရှင်းလေး​လေ....မင်းရဲ့သူငယ်သူငယ်ချင်း​။"
jiho"ရှင်းရှင်းကရှင်းလေးဟုတ်လား.....။"

   🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶

အန်တီဂျီနာ"ဟုတ်ပါ့ရှင်.....ဟုတ်ပါ့။"
jiho"အဲ့တာ​ကြောင့်မို့ကိုရှင်းရှင်းကိုစစမြင်တုန်းကရင်းနှီးတဲ့ခံစားချက်မျိုးရ​နေတာကိုး.....ကျွန်​တော်လဲသူငယ်ချင်းနားမှာရှိ​နေတာ​တောင်မသိဘူး....တော်​တော်ညံ့တာပဲ။"
အန်တီဂျီနာ"အခုသိပြီဆိုရင်ရှင်း​လေးကိုဂရုစိုက်​ပေးလိုက်အုန်း...မိန်းက​လေးတ​ယောက်တည်းသူများနိုင်ငံ​ရောက်​နေတာဆို​တော့ခက်ခဲမှာပဲ။"
jiho"ဟုတ်ကဲ့ပါ...တီ​လေးရဲ့....စိတ်ချ။"
အန်တီဂျီနာ"တူ​လေး....မင်းလည်းအနားယူလိုက်အုန်း။တီ​လေး....ရှင်း​လေးနှင့်စကားသွား​ပြောလိုက်အုန်းမယ်။"
jiho"ဟုတ်ကဲ့....တီ​​လေး။"
      ကိုနှစ်​ပေါင်းများစွာရှာ​နေတဲ့​ကောင်မ​လေးကမင်းတဲ့လားရှင်းရှင်း.....ရှင်း​လေး....မင်းနှင့်ပြန်​တွေ့ရတာကိုအရမ်းပဲ​ပျော်တယ်....ကိုမင်းကိုမမှတ်မိတဲ့အတွက်​တောင်းပန်တယ်....ရှင်း​လေး​ရယ်။
ရှင်းရှင်း​နေ့လည်စာပြင်ဆင်နေတုန်းတီ​လေးဂျီနာကမီးဖိုခန်းထဲဝင်လာတယ်။
အန်တီဂျီနာ"ရှင်းလေး.....ဘာတွေချက်နေတာတုန်း.....အနံ့လေးတွေကမွှေးနေတာပဲ။"
ရှင်းရှင်း"အမဲသားနှင့်ဝက်စွပ်ပြုတ်ချက်နေတာ...တီလေး......တီလေးတူကတီလေးအတွက်ရှင်းရှင်းကိုချက်ခိုင်းတာလေ။"
အန်တီဂျီနာ"ကောင်းတာပေါ့.....ကြုံတုန်းလေးရှင်းလေးလက်ရာစားသွားရတာပေါ့။"
ရှင်းရှင်း"များများစားရမယ်နော်....တီလေး။ရှင်းရှင်းတီလေးအတွက်ရှယ်ချက်ထားတာ။"
အန်တီဂျီနာ"ဟုတ်ပါပြီရှင့်။"
ရှင်းရှင်းနှင့်တီလေးဂျီနာစကားတွေအများကြီးပြော​နေတာနှင့်နေ့လည်စာစားချိန်တောင်ကျော်သွားတယ်။
ရှင်းရှင်း"တီလေး၁နာရီတောင်ခွဲနေပြီ....နေ့လည်စာစားတော့မလား။"
အန်တီဂျီနာ"ဟုတ်ပါရဲ့....၁နာရီတောင်ခွဲပြီ....စကားကောင်းနေတာနှင့်နေ့လည်စာစားဖို့တောင့်မေ့သွားတယ်....ရှင်းရှင်းလည်းနေ့လည်စာမစားရသေးဘူးမလား....နေ့လည်စာအတူတူစားကြမယ်လေ။"
ရှင်းရှင်း"ဟုတ်ကဲ့.....တီလေး....။"

ရှင်းရှင်းရဲ့ချစ်ရသူidolကြီးWhere stories live. Discover now