"ကျွန်တော်တို့လမ်းခွဲကြစို့ "
"ဘာပြောတယ်!!!!!"
"ကျွန်တော် P' Biuနဲ့ ဆက်မတွဲနိုင်တော့ဘူး ကျွန်တော်နိုင်ငံခြားသွားတော့မှာ"
"သွားလေ မင်းပြန်လာတဲ့အထိ P' စောင့်မယ်"
"မစောင့်နဲ့ ကျွန်တော် P' Biuနဲ့မတွဲချင်တော့ဘူး ကျွန်တော်တို့ လမ်းခွဲကြစို့"
"မင်းလုပ်ရဲလား"
"လုပ်ရဲတယ်"
"Bsum Wichapas!!! အေး ပြတ်ဆိုလည်းပြတ်တာပေါ့ Build Jakapanအကြောင်းကောင်းကောင်းသိစေရမယ် "
Biuသူ့ကို ချိန်းခြောက်ခဲ့လိုက်ပြီး အဲ့နေရာကနေလှည့်ထွက်လာခဲ့သည် ခွေးကောင်လေး သူပဲလိုက်တုန်းကလိုက်ပြီး ခုသူပဲဖြတ်သွားပြန်ပြီ ရည်းစားတစ်ယောက်ရှာရတာ ဘယ်လောက်ခက်လဲသိရဲ့လား နောက်တစ်ယောက်တောင်ရှာမပေးသွားဘူး
___________________________
"Biu.....""အီးဟီး..... Barcode သူငါ့ကိုဖြတ်သွားပြီ နောက်တစ်ယောက်တောင်ရှာမပေးသွားဘူး"
"Biuသူ့ကို မှတ်လောက်သားလောက်အောင် ပညာပြန်ပေးသင့်တယ်နော်"
"ဘယ်လိုပေးရမှာလဲ ငါမှမသိတာလို့ အီးဟီး..."
"ငါ့ကိုကိုနဲ့သူ့အဖေနဲ့က စီးပွားရေးပါတနာတွေ ကိုကိုကအဲ့လူနဲ့ စပ်တူရှယ်ယာပိုင်တာ အဲ့တော့ Biuသူ့အဖေကို အပိုင်ခြံလိုက်လေ"
"ငါ ဘိုးတော်ကြီးနဲ့တော့မယူချင်ပါဘူး"
"ဘိုးတော်ကြီးမဟုတ်သေးပါဘူး အသက်က သုံးဆယ်ကျော်ကျော်လေးပဲရှိပါသေးတယ် ပါကတော့ ဖြောင့်မှဖြောင့်နော် သုံးဆယ်ကျော်လို့မထင်ရဘူး ပြီးတော့ Bsumက သူ့ Daddyကို အသေချစ်တာနော်"
"Bodyရောတောင့်လား ငါကတောင့်မှကြိုက်တာနော်"
"ငါ့မှာ အဲ့လူပုံရှိတယ် Biuဘာသာပဲကြည့်လိုက်တော့"
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Revenge To Fall In Love With His Dad ( Completed )
Fanfictionနောင်ဘဝထိမမျှော်လင့်ပါဘူး ဒီဘဝကို မင်းကိုအကောင်းဆုံးချစ်ပေးနိုင်ရုံနဲ့တင် လုံလောက်ပါပြီ ~~~~ 🚨🔞 Warning 🔞🚨