တီ......တီ......
ပင်ပန်းလို့ အိပ်နေပါတယ်ဆိုမှ ဘယ်ကောင်ကဖုန်းခေါ်နေတာလဲကွာ ဒါနဲ့Biuနိုးသွားတော့မှာပဲ မနေ့ညက Biuလေးကအရမ်းပန်းသွားတာ အိပ်ရေးဝဝအိပ်မှဖြစ်မှာကို
"ဟယ်လို......"
/ဟယ်လို Khun Bible Wichapas Sumettikulလားမသိဘူးဗျ/
"ဟုတ်တယ်"
/Khun Bibleကို အသိပေးစရာလေးရှိလို့ပါ Biuကိစ္စနဲ့ပတ်သတ်ပြီးပေါ့ Khunအပေါ်ကို Biuဖုံးကွယ်ထားတဲ့အကြောင်းလေးတွေပါ အဲ့ဒါဒီနေ့နေ့လည်လောက်တွေ့လို့ရမလားဗျ/
"မင်းဘယ်သူလဲ"
/မလောပါနဲ့ အဲ့ချိန်ကျသိရမှာပေါ့ တွေ့ရမဲ့နေရာနဲ့အချိန်ကို messageပို့ပေးလိုက်မယ်နော်/
Bibleစိတ်ထဲမှာ တစ်ခုခုကိုမတင်မကျဖြစ်ကာ စိတ်ထဲလေးနေပြီး မကောင်းတစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားနေရတယ် Buiကိုယ့်ကိုဖုံးကွယ်ထားတာမရှိဘူးမလား ကိုယ် Buiကလွဲလို့တခြားသူကိုမယုံချင်ဘူး ဒါမဲ့စိတ်ထဲအရမ်းလေးနေတယ် ဘာမှဖြစ်မလာရင်ကောင်းမယ်
"Bible....."
"ဟမ်...BiuBiuနိုးပြီလား"
"အွန်း Biu ကိတ်မုန့်နဲ့ ကော်ဖီပူပူလေးသောက်ချင်တယ်"
"ဟုတ်ပါပြီ ရစေရမယ် ကိုယ်မျက်နှာသစ်ပြီးရင် သွားဝယ်ပေးမယ်နော် BiuBiuကခနလောက် ပြန်မှိန်းနေလိုက်ပြီးမှ အေးဆေးထလာခဲ့ဟုတ်ပြီလား"
"အိုခေ"
"မွ...ချစ်တယ် Biu"
"အွန်း"
မျက်နှာသစ် ရေချိုးပြီးတာနဲ့ Biuစားချင်တဲ့ ကိတ်လေးတွေကို သွားဝယ်လာလိုက်တယ် Biuကအစားပုတ်လေးမို့ များများလေးဝယ်မှဖြစ်တာ ကော်ဖီကတော့ အိမ်မှာရှိတာမို့ ဝယ်ဖို့မလိုပေ Bibleမနက်စာတွေအားလုံးပြင်ဆင်ပြီးတော့ Biuလည်းအပေါ်ကဆင်းလာတာနဲ့ကွက်တိပဲ
"ကောင်းလား Biu"
"အွန်း အရမ်းကောင်းတယ်"
"ဒါနဲ့လေ Biuကိုယ့်ကိုပြောစရာရှိလားဟင် ကိုယ်မသိသေးတာတစ်ခုခုပေါ့"
"မရှိဘူး"
"အင်း ကိုယ်ဒီနေ့နေ့လည်လူတစ်ယောက်နဲ့တွေ့မှာ အဲ့ဒါကိုယ်အလုပ်မှာရှိမှာမဟုတ်ဘူး "
YOU ARE READING
Revenge To Fall In Love With His Dad ( Completed )
Fanficနောင်ဘဝထိမမျှော်လင့်ပါဘူး ဒီဘဝကို မင်းကိုအကောင်းဆုံးချစ်ပေးနိုင်ရုံနဲ့တင် လုံလောက်ပါပြီ ~~~~ 🚨🔞 Warning 🔞🚨